Chapter 53

429 26 0
                                    

အခွင့်အရေးအသစ်

[ ဟေ့ Graceနင်အားလား ]

" အလုပ်ချိန်ကြီးကို အားလားလို့မေးတာ နင်တစ်ယောက်ပဲရှိတယ် Cole "

အင်္ဂါနေ့ မနက်ခင်း ၁၀နာရီကျော်က သေချာပေါက် အလုပ်ခွင့်မှာမရှိလို့ ဘယ်မှာရှိရမှာတုန်း။ တကယ်ပဲ Coleက ဂေါက်တောက်တောက်ဖြစ်နေသလားတောင် Graceတွေးမိလိုက်သည်။

အားလျော်စွာ ဒီနေ့ အလုပ်ပါးလို့ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဒီဖုန်းတောင်ခိုးပြောရမှာမဟုတ်ဘူး။ အတိအလင်းပြောလျှင် Graceအခု သန့်စင်ခန်းမှာ လက်ဆေးနေပြီးနောက် Coleနဲ့ ဖုန်းပြောဆိုနေသည်။

ဒီအချိန်တစ်ယောက်ယောက်သာ လာကြည့် သေချာပေါက်အပြောခံထိမှာ။ မနေ့ညကမကြည့်လိုက်ရတဲ့ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းသိချင်တာမို့  ဖုန်းကိုတိတ်တိတ်လေးယူခဲ့တယ်။ အခုတော့ Coleကြောင့် မကြည့်ရတော့ပြီ။

[ ထားပါတော့ ဒီညနေအားတယ်မလား။ ငါတို့လည်း အရေးကြီးတာမို့ နင့်ကိုအကူအညီတောင်းရတာ ]

" ပြောပါဦး။ ဘာအကူအညီမို့လဲ။ တတ်နိုင်ရင်တော့ ကူညီရမှာပေါ့ "

[ ငါလည်းနင်တတ်နိုင်ပါတယ်။ ဒီလိုဟ။ ဒီနေ့ညနေ ရိုက်မယ့်ဇာတ်လမ်းတွဲအခန်းမှာ ပါဝင်ပေးဖို့ အကူအညီတောင်းတာ။ သရုပ်ဆောင်မယ့် မင်းသမီးက သူ့အမေအသည်းအသန်ဖြစ်လို့ ငြင်းလိုက်တယ်လေ။ ဒီတစ်ခန်းပါပဲဟာ ]

[ အဲ့မှာ နင့်ကာရိုက်တာက ခေါင်းဆောင်မင်းသမီးကိုပါးချရမှာ သူ့ရဲ့ရည်စားဟောင်းနဲ့ ပတ်သတ်လို့ဆိုပြီး။ ငါလည်း ဒီလောက်ပဲပြောနိုင်တယ်။ ဘယ်လိုလဲ စိတ်ဝင်စားတယ်မလား ]

ရုတ်တရက်ကြီး နားထောင်လိုက်ရတာကို သူမအခုထိမယုံကြည်နိုင်ဘူး။ ဒီသရုပ်ဆောင်အလုပ်ကို မလုပ်ရတော့ဘူးထင်ပြီး လက်လျော့မိမလို့ရှိသေး အခွင့်အရေးက ပေါ်လာခဲ့တယ်။ ဒါက ကံကောင်းခြင်းများလား။

Graceရဲ့မျက်နှာလှလှလေးဟာ ဝင်းပသွားပြီး ကျေနပ်နှစ်သက်ကြောင်း  မှန်သားပြင်၌ ထင်ရှားလျက်။ သူမသည် ဝမ်းသာအားရဖြင့် လက်ခံလိုက်တယ်။

What is Beauty? [Normal]Where stories live. Discover now