Chapter 18

461 29 0
                                    

အဆင်ပြေလာခြင်း

မိုးရာသီက လျှင်မြန်စွာရောက်ရှိလိမ့်မယ်လို့ မထင်ထားပေမယ့် မနေ့ညကတော့ ပြင်းပြင်းထန်ထန် မိုးရွာခဲ့သည်။ ထို့အတူ အဲ့နေ့ညနေကလည်း Grace အသေငိုခဲ့သေးတာပဲလေ။

ဒီနေ့တော့ မနေ့ကနဲ့မတူစွာ ခံစားချက်တစ်မျိုးကိုခံစားမိသည်။ မနေ့က ငိုထားတဲ့ဒါဏ်ကြောင့် မျက်လုံးတွေ ကျိန်းစက်သလိုဖြစ်သော် အဆင်ပြေသည်။ အလွန်အကြူးမှမဟုတ်ပဲ။

အကယ်၍ တစ်ညလုံးငိုမိရင် မျက်လုံးနှစ်ခုလုံးဖောင်းကားနေမှာမြင်ယောင်သေးတယ်။ ဒါပေမဲ့ အဲ့လိုမဖြစ်ခဲ့တော့ ကံကောင်းတယ်လို့ ဆိုရမည်။ သာယာသော နေ့တစ်နေ့ကို အစပြုလို့ တာဝန်ကျရာအလုပ်မှာဝင်ကူနေရသည်။

ဒီပရဟိတအလုပ်က ဘယ်နှလအထိလုပ်ရအုံးမလဲမသိပေမယ့် ပင်ပန်းတယ်ဆိုတာ သူ့အနေနဲ့ဝန်ခံပါတယ်။ တကယ်လည်း တစ်ခါမှအတွေ့အကြုံမရှိတော့ ဆိုးရွားသလိုခံစားမိသည်။

ကျောင်းရဲ့ဝေယျာဝိစ္စတွေကိုကူညီရင်း ကလေးတွေကိုထိန်းပေးရလည်း ပါဝင်သလို များသောအားဖြင့် ကလေးတွေနဲ့ရင်းနှီးဖြစ်သည်။

" ဒါလေး ခဲတံချွန်ပေးအုံး "

" ခဲဖျက် မရှိတော့ဘူး။Kinဖွက်သွားပြီ "

" ရား အဲ့တာငါ့ဟာကို "

အကူအညီတောင်းတဲ့ကလေးတွေသာမက အချင်းချင်းအဆင်မပြေလို့ သူ့ကိုအကူအညီတောင်းတဲ့ကလေးတွေကော။ တကယ့်ကို တိုင်ပတ်ရသည်။ အရှေ့က ဆရာမက သင်္ချာအိမ်စာကို ကျောင်းမှာတစ်ခါတည်းလုပ်ဖို့ အချိန်ပေးသော်  အတန်းထဲက ကလေးတွေက ဆူညံနေလျက်။

" ဟေး အသံလျော့ပြီး တစ်ခြားလူတွေကိုအားနာဦး "

Olivaက ဆူညံနေတဲ့ ကလေးတွေကို အော်လိုက်မှငြိမ်သွားတယ်။ အခုက တတိယတန်းကလေးတွေမို့ အကူအညီအများကြီးပေးစရာမလိုဘူး။ သို့ပေသော် အချင်းချင်းစကားများ ရန်ဖြစ်တာကို ထိန်းပေးတေရတုန်းပဲ။

ဒီမှာ အကူဆရာမဆိုလို့ Graceနဲ့တစ်ခြားတစ်ယောက်သာရှိသည်။ ဒီကနေ့တော့ မနေ့တုန်းကနဲ့ အခြေအနေကွာခြားလို့တော်သေးတယ်။ မဟုတ်ရင် မျက်ရည်မျက်ခွက်ဖြစ်နေမလားမသိတော့ဘူး။

What is Beauty? [Normal]Where stories live. Discover now