1

1.3K 79 6
                                    

Zawgyi

"လမ်းခွဲရအောင်"

စကားစုလေးတစ်ခုပါပဲ။ ဒါပေမဲ့ အစိတ်စိတ်ကြေသွားတာက နှလုံးသားနှစ်စုံ။ ဟင့်အင်း ... တစ်စုံတည်းပါ။ သူ့ရှေ့မှာ ရှိနေတဲ့ Seungmin က ဘယ်လိုမှမနေပါလေ။လမ်းခွဲစကား ​ပြောချိန်မှာတောင် တစ်ချက်လေးမှ တုံ့ဆိုင်းခြင်းမရှိသလို တုန်ရီခြင်းလည်း ကင်းမဲ့နေပါ၏။

"ဘာလို့လဲ Hyung ?"

သူတို့နှစ်ယောက်ကြား အဆင်ပြေနေခဲ့တာပဲလေ။ မနေ့ကတောင် ငိုနေတဲ့ Seungmin ကို သူနှစ်သိမ့်ခဲ့ရပါသေးသည်။ ဒါနဲ့များ တစ်ရက် ၊ တစ်မနက်အတွင်း ဘာကြောင့် Seungmin စိတ်ပြောင်းသွားရသလဲ။ 

"ငါတို့ ရှေ့ဆက်လို့မှ မဖြစ်နိုင်တော့တာ ... I.N ရာ"

Seungmin သည် သူ့အား အခုထိ မော့ကြည့်မလာသေးပါ။ အခုကျတော့မှ စားပွဲက သိပ်ကိုစိတ်ဝင်စားဖို့ ကောင်းနေပုံပင်။ စားပွဲကိုပဲ တောက်လျှောက်ငေးနေလိုက်တာများ။

"မဟုတ်မှလွဲရော အန်တီနောက်ဆုံးမှာခဲ့တာကြောင့်လား ?"

သူ့အမေဆုံးချိန်မှာ Jeongin လည်း ရှိနေသည်မို့ မှာခဲ့တဲ့ နောက်ဆုံးစကားကို ကြားခဲ့သည်။

"အင်း။ မင်းလည်း သိတာပဲ။ ဒါကြောင့် ဒီထက်ပိုပြီး မနာကျင်ရခင် လမ်းခွဲကြတာ အကောင်းဆုံးဖြစ်မယ် ထင်တယ်။"

"အခုရော ကျွန်တော် မနာကျင်ရတော့ဘူးတဲ့လား ?"

Seungmin နောက်ဆုံးတော့ သူ့ကိုမော့ကြည့်လာသည်။ သို့ပေမဲ့ တစ်ခွန်းမှ ပြန်မဖြေပါ။

Jeongin ဟားတိုက်ပြီး ရယ်ပစ်လိုက်သည်။

သိပ်ရယ်ရပါ၏။ နှစ်နှစ်တာ ချစ်သူသက်တမ်းကို တစ်ရက် တစ်မနက်အတွင်း ဖျက်ဆီးလိုက်ပုံများ အမှိုက်တစ်ခုကို စွန့်ပစ်လိုက်သလိုပါပဲ။

"ဒါပေမဲ့ ငါတို့ မိတ်ဆွေတွေအဖြစ် ဆက်ရှိသွားလို့ ရပါသေးတယ်"

ဟင့်အင်း။ Jeongin ဒီလောက် မသန်မာသေးပါ။ ပြတ်စဲသွားတဲ့ ချစ်သူတစ်ယောက်ကို မိတ်ဆွေအဖြစ် ဆက်ခင်သွားဖို့ သူ့အတွက် ခဲယဉ်းပါသည်။ အရောင်စွန်းထားတဲ့ သံယောစဉ်တွေကို အရောင်ချွတ်ရတာ အချိန်တစ်ခုတော့ ကြာပါဦးမည်။

Strawberries And Cigarettes • 황승Where stories live. Discover now