2.5

267 33 2
                                    

Zawgyi

ဒီနေ့ရဲ့ စတုတ္ထမြောက်သက်ပြင်းကို Hyunjin ချမိသည်။ လက်ထဲမှာ ကိုင်ထားတဲ့ ကော်ဖီခွက်ထဲက ကော်ဖီပူတွေနီးပါး သူ့စိတ်တွေဟာလည်း ပူပြင်းနေခဲ့ပါသည်။

Minho ခေါ်တဲ့နေ့က ကော်ဖီဆိုင်မှာ Seungmin ကို မိန်းကလေးတစ်ဦးနှင့် အတူတွဲမြင်ခဲ့တာက ပထမဆုံးအကြိမ် ဆိုပေမဲ့ ကံမကောင်းစွာ နောက်ဆုံးအကြိမ် ဟုတ်မနေခဲ့ပါဘူး။

Seungmin ကို မိန်းကလေးတစ်ယောက်နှင့် တွဲတွဲတွေ့နေရတယ် ဆိုတဲ့ သတင်းတွေက သူ့နားကို အကြိမ်ကြိမ် ပေါက်ကြားလာသည်။ လာပြောတဲ့သူတွေက ပြောင်းသွားပေမဲ့ Seungmin နှင့် အတူရှိနေတဲ့ ထိုကောင်မလေးကတော့ လူမပြောင်းသွား။ ဒါက Hyunjin ပိုစိတ်ပူမိတဲ့ အချက်ဖြစ်သည်။

သို့ပေမဲ့ ဖြေရှင်းချက်မရှိသေးတဲ့ မရေရာတဲ့ စွပ်စွဲချက်တွေနှင့် Seungmin ရဲ့ ဂုဏ်သိက္ခာကို မညစ်နွမ်းစေချင်သည်မို့ ထိုမိန်းကလေးဟာ အသိတစ်ယောက်ဖြစ်ပြီး Seungmin နှင့် တွဲသွားတွဲလာရှိနေတာကို သူလည်း သိနေပါသည်ဟုသာ လူတိုင်းကို ပြန်ပြောခဲ့သည်။

တိကျတဲ့အဖြေတစ်ခုကို Seungmin အား တိုက်ရိုက်မေးချင်ပါသော်လည်း Seungmin ထံမှ မငြင်းဆိုလာမှာကို သူကြောက်ပါသည်။

ကြိုးတွေဟာ မခိုင်ခံ့တဲ့အခါ အရမ်းဆွဲလျှင် ပြတ်တတ်သည်မလား။
ဒါကို တွေးကြောက်မိတဲ့အခါ ယိုင်နဲ့စပြုလာတဲ့ ကြိုးလေးကို ခပ်လျော့လျော့ထိန်းကို်င်ရင်း Hyunjin နှုတ်ဆိတ်နေမိသည်။
စိတ်သံသယရဲ့ ဓားသွားတွေက သူ့နှလုံးသားကို တစ်လွှာချင်း လှီးပါးနေပါသော်လည်းပေါ့။

ရင်ထဲရှိအပူက အတော်အသင့် ပူလောင်နှင့်နေပြီးပြီမလို့ Hyunjin ကော်ဖီခွက်ပူပူကို ဆက်မသောက်တော့ဘဲ ပြန်ချလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘက်သို့ ထွက်လာလိုက်သည်။

မရွှင်ပျတဲ့ သူ့စိတ်ကလေးဟာ ပိုနွမ်းလျသွားရသည်။ သူစိုက်ခဲ့တဲ့ နေကြာလေးသည် ညှိုးနွမ်းနေခဲ့ပါသည်။ နေရောင်ဘက်သို့ပင် မတ်မတ်မမျှော်နိုင်ဘဲ ပန်းခေါင်းကလေးက ငုံ့နေပြီး အရွက်များက ရိနေပြီဖြစ်သည်။

Seungmin သူ့ဘေးနားမှာ ကြာကြာနေဖို့ စို်က်ခဲ့မိတဲ့ နေကြာလေး ညှိုးနွမ်းသွားခြင်းက မကြာမီ သူ့အနားကနေ Seungmin ထွက်သွားတော့မယ်လို့များ ဆိုလိုချင်ပါသလား။

Strawberries And Cigarettes • 황승Where stories live. Discover now