2.7

259 37 3
                                    

Unicode

ချစ်ခြင်းမေတ္တာကို ဒြပ်မဲ့တဲ့ ဝတ္ထုတစ်ခုအဖြစ် သတ်မှတ်ခဲ့လျှင်
၎င်းက အားကိုးမှု ဖြစ်မယ်။ သေးငယ်တဲ့ အရာလေးတွေ ဖြစ်နိုင်သလို၊ ကြီးကြီးမားမား အရာတွေလည်း ဖြစ်နိုင်ပါရဲ့။ ဒီလို အခြင်းအရာလေးတွေမှာ ချစ်ရသူကို ကိုးစားစွာ ပထမဆုံး သတိရမိတာမျိုးပေါ့။

ဒီအဆိုအတွက် ထောက်ခံချက်ကတော့ ညဘက်ကြီး Hyunjin လက်ခံရရှိတဲ့ ဖုန်းခေါ်ဆိုမှုလေးပါပဲ။

နေမကောင်းဘူး ညည်းညူတဲ့ ချစ်ရသူဟာ လေသံမှာ ပကတိ ပျော့ပျော့ရယ်။ နေမကောင်းတဲ့အခါ လူတွေက သိသိသာသာ အားငယ်သွားတတ်သလား။ သူ့ဆီ လိုက်လာပေးနိုင်မလား တောင်းဆိုတဲ့ အသံငယ်ဟာ သာမန်နှင့်ဆန့်ကျင်စွာ အားနည်းနေခဲ့တယ်။ သူ့အစား ဆရာဝန်ခေါ်ရမှာလေ လို့ Hyunjin ဖြင့် မဆူရက်တဲ့အထိပါပဲ။

စိုးရိမ်စိတ်အတွေးတိမ်စတွေမှာ ရယ်ချင်စိတ်တိမ်မျှင်လေးဟာ ကပ်ပါလာခဲ့တယ်။ တွေးကြည့်တော့လည်း အထူးတဆန်းပါပဲ။

တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ဦးအစား သူ့ကို ခေါ်ရအောင်
စီးပွားရေးမေဂျာ ​​ကျောင်းသားတစ်ဦးက ဘာများ အဖေးအမ ဖြစ်ပါမည်တဲ့လဲ။

သို့ပါသော်လည်း မိမိအား သတိတရ အားကိုးရှာတဲ့ ချစ်သူထံ Hyunjin ရောက်လာခဲ့တာပါပဲ။ အချိန်က အတန်အသင့် လင့်နေပြီ ဖြစ်သော်လည်း.. ၊ တိုးလေတွေရဲ့ အေးစက်မှုကို အံတုရင်း ဆိုင်ကယ်နှင်လာခဲ့ရပေမဲ့လည်းပေါ့ ။

အကြိမ်ရေအချို့ တံခါးခေါက်ပြီးတဲ့အထိ ရုပ်လုံးထွက်မပြလာသည့်အခါ စေ့ရုံစေ့ထားတဲ့ တံခါးကို Hyunjin ကျူးကျော်ဝင်ခဲ့လိုက်တော့သည်။

မီးဖွင့်ထားတဲ့ တစ်ခုတည်းသော အခန်းက Seungmin ရဲ့ အခန်းဖြစ်​​ကြောင်း သိသာထင်ရှားလွန်းပါသည်။ ထို့ကြောင့် အိပ်ပျော်နေတဲ့ Seungmin ကို ရှာတွေ့ဖို့ သိပ်မခဲယဥ်းခဲ့။

မနိုးသွားစေရန် Hyunjin ခြေလှမ်းတိတ်တိတ်ဖြင့် ဝင်လာခဲ့လိုက်သည်။ Seungmin နဖူးပေါ် လက်တင်စမ်းတော့ ကိုယ်အပူချိန်ဟာ သိသိသာသာ တက်နေခဲ့တယ်။ ဂရုတစိုက် သတိထားကြည့်တော့ နှုတ်ခမ်းလေးတွေပင် အရောင်ဖျော့နေခဲ့တာပဲ။

Strawberries And Cigarettes • 황승Where stories live. Discover now