Zawgyi
Seungmin ရှည်ကြာတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့သည်။
အိပ်မက်ထဲမှာ သူ Hyunjin ကို နမ်းခဲ့သည်။
သိပ်ကို ယုတ္တိမဆန်တဲ့ အိပ်မက်တစ်ခုပါ။ Hyunjin က သူ့ကို တွန်းမထုတ်ခဲ့ဘူးတဲ့လေ။ဒါပေမဲ့ စတော်ဘယ်ရီလို နှုတ်ခမ်းသားတွေက ဝိုင်တွေထက်တောင် စွဲလန်းဖွယ်ကောင်းလွန်းသည်။
ရေရေရာရာမသဲကွဲတဲ့ အိပ်မက်ထဲမှာတောင် သေချာပေါက်ကို သူ သိပ်ပျော်နေခဲ့တာ။မှားယွင်းနေပေမဲ့ တစ်ချိန်တည်းမှာပဲ မှန်နေပြန်တဲ့ ခံစားချက်။
နိုးလာတဲ့အခါမှာ သူဟာ မွန်းကြပ်မှုတွေဖြင့်။အနေခက်မှုတွေ မွန်းကြပ်မှုတွေ ကြောက်ရွံ့မှုတွေရဲ့ ခြောက်လှန့်မှုတွေကြောင့် လှပနေရမယ့် အိပ်မက်လေးဟာ သူ့အတွက် အိပ်မက်ဆိုးတစ်ခုလိုပင်။
ဒါပေမဲ့ အိပ်မက်က အိပ်မက်ပါပဲ။
အပြင်မှာ ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ဘယ်တော့မှလည်း ဖြစ်မလာနိုင်ပါဘူး။ဟုတ်တယ်မလား။
ဒါမှမဟုတ် ...
အိပ်မက်တစ်ခုရော ဟုတ်ခဲ့ရဲ့လား။
>>>
Jisung မလေးရှားကို ထွက်သွားတာပင် နှစ်ပတ်ကြာပြီဖြစ်သည်။
ည ၁၁ နာရီလောက်ဖြစ်မည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ထိုတိတ်ဆိတ်နေသော ရပ်ကွက်ထဲတွင် Seungmin ရဲ့ ခြေသံတို့သည် တရှပ်ရှပ်။ အမည်မသိနံပါတ်တစ်ခုမှ ဒီနေရာကို ချိန်းဆိုခြင်းကြောင့် Seungmin ထွက်လာမိခြင်းဖြစ်သည်။
ဘယ်သူက ဘာအကြောင်းကြောင့် ပေးပို့မှန်း မသိပါဘဲ ထွက်လာရအောင် သူမိုက်မဲပါသည်လေ။ ဒီထက် ပိုမိုက်မဲတာကတော့ ချိန်းဆိုတဲ့သူက Hyunjin ဖြစ်နေမလား ဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးပါပဲ။
Jisung ထွက်သွားကတည်းက Hyunjin သူ့ကို မသိမသာရှောင်နေသည်။ စကားပြောတိုင်းလည်း သူ့မျက်လုံးတွေကို မဆုံအောင် ရှောင်လွှဲနေတတ်သည်။ တစ်ခုခုကို ဖုံးကွယ်ထားသလို ပြာယာခတ်နေတတ်သည်။ သူ့အပေါ် တစ်ခုခု စိတ်ဆိုးနေတာမျိုး မဟုတ်ဘဲ အနေခက်နေသည့် ပုံစံမျိုးပင်။
YOU ARE READING
Strawberries And Cigarettes • 황승
FanfictionWherein, cigarettes taste like strawberries . - Written in Burmese