17

339 51 0
                                    

Zawgyi

"Assignment တွေ ပြီးသွားပြီလား Seungmin?"

"အင်း၊ မင်းရော Yongbok?"

"Yah! အဲ့ဒီနာမည်မခေါ်ပါနဲ့ဆိုကွာ !"

သဘောမကျမှန်းသိရင် ပိုစချင်တာက လူတိုင်းရဲ့အကျင့်ဖြစ်တဲ့အတိုင်း ကိုရီးယားနာမည်ကိုခေါ်တာ မကြိုက်တဲ့ Felix ကို Yongbok လို့ခေါ်ပြီး စနောက်ရတာက သူ့တစ်နေ့တာရဲ့လုပ်ငန်းစဉ်မှာ မပါမဖြစ်။

"ဟိုလေ ... Seungmin ကို တစ်ခုအကူအညီတောင်းစရာ ရှိလို့။"

ရယ်မောရင်းလျှောက်လာတဲ့ Seungmin နှင့် Felix တို့ရဲ့ ခြေလှမ်းတွေ ခေတ္တစဲကုန်သည်။ သိပ်မရင်းနှီးပေမဲ့ မျက်မှန်းတန်းမိနေတဲ့ ရှေ့က ကောင်လေးဟာ သူ့ထံမှ ဘယ်လိုသောအကူအညီမျိုးကို လိုအပ်နေတာ ဖြစ်နိုင်သလဲ။

"ဒီ ... ဒီဟာလေး Hyunjin ကို ပေးပေးလို့ ရမလား ?"

အနည်းငယ်ပျက်ယွင်းသွားတဲ့ မျက်နှာကို Seungmin ပြန်ဆယ်လိုက်ရင်း ခေါင်းညိတ်ကာ စာချိုးလေးကို လက်ခံလိုက်သည်။

"ကျေးဇူး ... "

ကျေးဇူးတင်စကားကို ခပ်တုတ်တုတ်ပြောပြီး မြင်ကွင်းက ပြေးထွက်သွားတဲ့ ကောင်လေးဟာ Seungmin ရဲ့ လန်းဆန်းနေတဲ့စိတ်လေးကိုပါ ဆောင်ကြဉ်းသွားသည့်အလား။

"သွားနှင့် Felix ၊ ငါ သန့်စင်ခန်း ဝင်ဦးမယ်။"

Yongbok လို့ စနောက်ပြီးမခေါ်ဘဲ Felix လို့ ခေါ်လာသည်နှင့် Seungmin စိတ်သိပ်မကြည်တော့တာကို သတိပြုမိပါသည်။ ထို့ကြောင့် Felix ခပ်မြန်မြန်ပဲ လစ်ထွက်လာလိုက်သည်။

Felix ထွက်သွားသည်နှင့် Seungmin လည်း သန့်စင်ခန်းဘက် ထွက်လာလိုက်သည်။ တံခါးကို ​လော့ခ်ချပြီးနောက် စောစောကကောင်လေးပေးသည့်စာကို ဖွင့်ဖတ်လိုက်သည်။

ဒါဟာ ဒီအပတ်ထဲ သူ့ကိုအကူအညီတောင်းပြီး ပေးခိုင်းတဲ့ စတုတ္ထမြောက်ရည်းစားစာဖြစ်ပေမဲ့ ဖန်တစ်ရာထပ်နေတဲ့ သဘောကျကြောင်းတွေက တစ်စောင်နှင့်တစ်စောင် မိတ္တူရေးထားသကဲ့သို့။

ရင်ခုန်ခြင်းတွေကို အချစ်လို့ လွယ်လွယ်ကူကူ ခေါင်းစဉ်တပ်ထားသည်ကြောင့် Seungmin တောက်ခေါက်မိသည်။

Strawberries And Cigarettes • 황승Where stories live. Discover now