3.2

252 36 7
                                    

Unicode

ဒီနေ့ Hyunjin ကျောင်းသွားမယ်လို့ Minho Hyung သတင်းပေးလာတာကြောင့် စက်ဘီးယူလာခဲ့သည်။ အရင်လို Hyunjin ဟာ သူ့ဆိုင်ကယ်ပေါ် ခေါ်မှာ မဟုတ်ကြောင်း ကြိုသိနေသည်မို့။

ထွက်လာတာပဲ နောက်ကျတာလား၊ ဒါမှမဟုတ် Hyunjin ကပဲ စောနေတာလား။ ရောက်သွားချိန်မှာ Hyunjin က ဆိုင်ကယ်ပေါ်ကိုတောင် ရောက်နေပြီ ဖြစ်သည်။

"Hyunjin..!"

မိမိကို စောင့်ပေးမလား မရဲတရဲမျှော်လင့်ရင်း အော်ခေါ်မိပေမဲ့ တစ်ချက်သာ လှည့်ကြည့်ပြီး ထွက်သွားတဲ့ ဆိုင်ကယ်နောက်ကို စက်ဘီးအမြန်နင်းပြီး လိုက်ရပြန်သည်။

ရည်းစားမဖြစ်ခင်ကတောင် ဒီလောက်အထိ မကြိုးပမ်းခဲ့ရဘဲ အခုမှ ဒဏ်ခံနေရသည်။ ဆိုင်ကယ်ရဲ့အရှိန်ကို စက်ဘီးနှင့် အမီလိုက်ဖို့ဆိုတာ မလွယ်ပေမဲ့ ကြိုးစားချင်ပါသည်။
ကျောင်းရောက်ရင်လည်း သေချာပေါက် ရှောင်နေဦးမှာမလို့ ရတဲ့အချိန်လေးမှာ စကားပြောခွင့်ရအောင် ကြိုးစားရမည်။

တလျှောက်လုံး နာမည်ကို ခေါ်ရင်း လိုက်လာပေမဲ့ နေနိုင်သူကတော့ တစ်ချက်ပင် လှည့်မကြည့်။ ခန္ဓာကိုယ်ထက် နှလုံးသားကို ပိုပင်ပန်းအောင် လုပ်ရက်ပါရဲ့။

Hyunjin ရဲ့ ဆိုင်ကယ်က ပိုဝေးဝေးကို ရောက်သွားတာကို တွေ့ရတဲ့အခါ စက်ဘီးကို ပိုပြီးအရှိန်တင်နင်းကာ ဘေးဘီမကြည့်ဘဲ လမ်းကိုဖြတ်မိစဥ်....

*တီ... !! တီ.... !!*

ရုတ်တရက်ကြားဝင်တဲ့ ကားဟွန်းတီးသံကြောင့် ကြည့်မိတော့ လာနေတဲ့ ကားတစ်စီးဟာ သိပ်ကို ကပ်နေပြီဖြစ်သည်။

ဘရိတ်ကို အားကုန်နင်းချလိုက်တော့ ဖြတ်တိုက်မခံလိုက်ရပေမဲ့ ရှေ့ဘီးနဲ့တော့ ဆောင့်တိုက်မိကာ လူကတော့ အရှိန်ကြောင့် လမ်းတစ်ဘက်ကို လွင့်သွားသည်။

' ဇာတ်ကားတွေထဲမှာတော့ ဒီလို မတော်တဆ ဖြစ်ရင် သေတဲ့အထိကို နာတယ်တဲ့။ ငါ့အလှည့်ကျတော့လည်း သိပ်မနာသလိုပါပဲလား။ အဟက်.. နှလုံးသားက နာကျင်မှုကို မမီလို့ ထင်တယ်။ '

အမြင်တွေ ဝါးနေပေမဲ့ အရာအားလုံးကို မြင်နိုင်ပါသေးသည်။

ကားသမားက ကားပေါ်က ဆင်းလာရင်း သူ မတိုက်မိဘူး၊ ဘရိတ်အရှိန်ကြောင့် လွင့်သွားတာ လို့ အရူးတစ်ယောက်လို ရှင်းပြနေတယ်။

Strawberries And Cigarettes • 황승Where stories live. Discover now