3.0

228 39 2
                                    

Unicode

ဆိုင်ကယ် ဘရိတ်နည်းနည်းလွတ်နေ၍ ဆိုင်ပို့ထားသည်မို့ ဒီနေ့ Hyunjin ဆိုင်ကယ် မပါလာပါ။ ထို့ကြောင့် Seungmin ကို ဘတ်စ်ကားပဲ စီးပြီး ပြန်ခိုင်းလိုက်ရသည်။ သူကတော့ အိမ်ကို လမ်းလျှောက်ပဲ ပြန်လာလိုက်သည်။

လေချွန်ရင်း ဟိုတွေးဒီတွေး လမ်းလျှောက်နေစဥ် ကားတစ်စီးဟာ ဘေးထိုးရပ်လာခဲ့သည်။ သူနှင့်ဆက်လျဥ်းပြီး ရပ်လာတာကို ရိပ်မိသည်မို့ Hyunjin လည်း ရပ်နေမိသည်။

ကားမှန်ချလာတဲ့အခါ ပေါ်လာတဲ့မျက်နှာစိမ်းဟာ ထူးဆန်းစွာ ရင်းနှီးနေသလိုပင်။ ဒါမှမဟုတ် ရင်းနှီးနေတဲ့ လူတစ်ယောက်နှင့် ဆင်တူနေတာဆိုရင် ပိုမှန်လိမ့်မယ် ထင်တယ်။

မျက်နှာကျ၊ ပြီးတော့ မျက်လုံးတွေ။

"Hwang Hyunjin ဟုတ်တယ်မလား?"

"ကျွန်တော့်ကို ဘယ်လို..."

ထိုအခါ ထိုအမျိုးသားကြီးဟာ ပြုံးတယ်။ ယင်းအပြုံးက ပျော်ရွှင်ခြင်းကိုတော့ မဖော်ဆောင်ပါ။

"Seungmin ရဲ့ အဖေပါ။"

Hyunjin ရဲ့ မျက်လုံးတို့ ပြူးကျယ်သွားခဲ့တယ်။ ပြီးတော့ ရုတ်တရက် စိတ်လှုပ်ရှားနေမိတယ်။

"အချိန်ရမယ်ဆိုရင် စကားအေးဆေးပြောဖို့ ခဏလောက် လိုက်ခဲ့ပါလား။"

လူနှစ်ယောက်ဆက်ဆံရေးမှာ ပထမဆုံး ပုံစံက သိပ်အရေးပါတာ Hyunjin သိသည်။ ပထမဆုံး တွေ့ဆုံမှုမှာတင် ပြောသမျှ ငြင်းဆန်ပြီး အမြင်မကြည်အောင် သူ မလုပ်ချင်ပါ။ ထို့ကြောင့် လက်ခံရင်း Kim ကားပေါ် လိုက်လာလိုက်သည်။

လမ်းတလျှောက်မှာ သူ အန်ကယ့်လ်ကို အကဲခတ်မိသည်။ အန်ကယ်လ်က ခန့်မှန်းရခက်တဲ့ မျက်နှာတည်တစ်ခုဖြင့် ခံစားချက်တွေကို ဖုံးကွယ်ထားသည်။ သူနှင့်ပက်သက်ပြီး မည်သို့သော တုံ့ပြန်မှုမျိုးကိုမှ မပြ။ ယုတ်စွအဆုံး၊ ကားမှန်က တစ်ဆင့်တောင် သူ့ကို တစ်ချက်လှည့်မကြည့်ပါ။

တိတ်ဆိတ်တဲ့ ကားလမ်းတလျှောက်အဆုံးမှာ သူတို့ Seungmin ရဲ့ အိမ်ကို ရောက်လာခဲ့သည်။ အန်ကယ်လ်သည် သူ့အား ဧည့်ခန်းမှာ ထိုင်စေသည်။

Strawberries And Cigarettes • 황승Where stories live. Discover now