3.5

277 31 5
                                    

Unicode

မှန်တယ်လို့ ထင်ရပေမဲ့ တစ်ချိန်တည်းမှာပဲ မှားယွင်းတယ်လို့ ခံစားရတာမျိုး။ ကြုံဖူးကြသလား ?

ကျွန်တော်ကတော့ Jisung နဲ့ အတူရှိတိုင်းမှာ အဲဒီလို ခံစားရပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ချာတိတ်မလို့ အတူရှိရတာကို ပျော်မိပေမဲ့ အဲဒီလို ပျော်နေလို့ ဖြစ်ရဲ့လား ဆိုတဲ့ သံသယက ထပ်ဝင်ပြန်တယ်။

ကြောက်မိတယ်။
Lee Minho ဆိုတဲ့ ကျွန်တော့်ဘဝမှာ ကြောက်ရွံ့ခြင်း ဆိုတာမျိုး ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့ဖူးပေမဲ့ အခုတော့ ကျွန်တော့်မှာ အဆိုးရွားဆုံး ကြောက်ရွံ့မှုတစ်ခု ရှိလာပြီ ဖြစ်တယ်။

သံယောစဉ် ။
သုံးလုံးတည်းသော စကားလုံးလေးဟာ ကျွန်တော့်နှလုံးသားကို ပထမတစ်ကြိမ် ရစ်ပတ်ထုပ်နှောင်ကာ မွန်းကြပ်စေခဲ့ပြီးပြီမလို့ ဒုတိယအကြိမ် သံယောစဉ်တွယ်မိမှာကို ကြောက်ရွံ့မိပါတယ်။

ဒီတစ်ခါ ဆိုရင် နှလုံးသားဟာ အမွန်းကြပ်လွန်ပြီး စုတ်ပြတ်သပ်သွားလောက်ပါရဲ့။

ဒါကြောင့်ပဲ နှလုံးသားကို နယ်မလွန်စေဖို့ အကြိမ်ကြိမ် စည်းရိုးခတ်ရတယ်။ သို့သော်လည်း ဒီစည်းရိုးတွေကို ကျော်လွန်ချင်နေတဲ့ အဲဒီချာတိတ်လေးက လေရိုင်းလေးပါလေ။

ringtone သံလေးကြောင့် စားပွဲပေါ်တင်ထားတဲ့ဖုန်းကို ယူကိုင်မိသည်။

"ကျွန်တော် ပြန်ရောက်ပြီနော်။ ကားရဖို့တော့ နည်းနည်းစောင့်လိုက်ရပေမဲ့ ဘေးကင်းကင်းနဲ့ ပြန်ရောက်တယ်။ အဲဒါ Hyung စိတ်ပူနေမှာစိုးလို့ ရောက်ရောက်ချင်း ဖုန်းဆက်လိုက်တာ"

ကျွန်တော် အတန်တန်ငြင်းတဲ့ကြားက Jisung ဟာ ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်။ နောက်ကျမှ ပြန်သွားရလို့ သူ့အတွက် စိတ်ပူမိခဲ့ပေမဲ့ အခု အဆင်ပြေတယ်ဆိုတော့ စိတ်ကို ဖြေလျော့နိုင်ပါပြီ။ သို့ပေမဲ့ ဒါကို ကျွန်တော် ထုတ်ပြောမှာတော့ မဟုတ်။

"ဘယ်သူက မင်းကို စိတ်ပူနေလို့လဲ"

"ဟင်။ အခုအချိန်ထိ မအိပ်ဘဲ စောင့်နေတာ ကျွန်တော့်ကို စိုးရိမ်လို့ မဟုတ်ဘူးလား?"

Strawberries And Cigarettes • 황승Onde as histórias ganham vida. Descobre agora