16

312 49 2
                                    

Zawgyi

တက္ကသိုလ်ကျောင်းသားဘဝက အထက်တန်းနဲ့တော့ ကွာသွားသည်။ ပိုကျယ်ဝန်းတဲ့ လူနေမှုစက်ဝန်း၊ ပိုပြီး ပွင့်လင်းမြင်သာရှိတဲ့ အမြင်တွေကြား ရှင်သန်ရတာ ပိုကောင်းသည်။

ဘယ်သူကမှ Hyunjin ရဲ့ မိသားစုကို စိတ်မဝင်စားသလို ဝေဖန်မယ့်သူလည်းမရှိ။ အရာအားလုံးကို အစကနေ ပြန်စရသလိုပင်၊ အသစ်သစ်သော မိတ်ဖွဲ့ခြင်းတွေကနေ သူငယ်ချင်းတွေလည်း တိုးလာခဲ့သည်။ အချို့ကတော့ သူငယ်ချင်းထက်ပိုချင်တဲ့ ရည်ရွယ်ချက်တွေနှင့် သူ့ကို ချဉ်းကပ်တာဖြစ်ပေမဲ့ပေါ့။

အရင်လို အမြဲမှားတဲ့ Hyunjin မဟုတ်တော့ဘဲ အထိုက်အသင့် popular ဖြစ်တဲ့သူ ဖြစ်လာခဲ့သည်။ မိန်းကလေးအများစုနဲ့ အချို့သော ယောက်ျားလေးများရဲ့ စိတ်ဝင်စားမှုက သူ့အားဗဟိုတည်သည်။

သို့ပေမဲ့ အဲ့ဒီအပေါ်ယံအလွှာတွေရဲ့ အပြင်ဘက်မှာ သူကတော့ လူတစ်ယောက်ကိုသာ တွယ်ဖက်နေဆဲပင်။

အထက်တန်းကျောင်းသား Hwang Hyunjin လိုပဲ စီးပွားရေးမေဂျာရဲ့ Hwang Hyunjin ဟာလည်း မနက်တိုင်း တိုက်အောက်က စက်ဘီးဘဲလ်သံလေးကို မျှော်နေတုန်း၊ ခေါင်းလုံးလုံးလေးကို လှမ်းမြင်တိုင်း လှေကားထစ်တွေကို ကျော်ဆင်းမိတုန်း၊

ပုခုံးချင်းဖက်ပြီး ကျောင်းဝန်းထဲ ဝင်ရတာကို သဘောကျတုန်း၊
ဆဲရေးသံလေးကို ကြားရမှ နေသာထိုင်သာရှိတုန်း၊
ကလေးလေးလို့ စနောက်သလို အသားယူမိတုန်း၊

အချို့သောနေ့တွေမှာ ခွင့်ပြုချက်တစ်ခုနှင့် စီးကရက်ဖွာနေမိတုန်း၊ ခေါင်မိုးထပ်တွေမှာ သူ့ရဲ့ပေါင်ပေါ် လှဲအိပ်ရင်း ဆံပင်ရှည်တွေကို ပေးဆော့ရတာကို နှစ်သက်မိနေတုန်း။

Hwang Hyunjin ဆိုတဲ့ ဂြိုဟ်လေးဟာ Kim Seungmin ဆိုတဲ့ ဗဟိုလေးကို အမှီပြုရင်း လည်နေဆဲပါပဲ။

ဒါတွေကို မသိတဲ့ကောင်လေးကတော့ Hyunjin အား ဤသို့ သဝန်တိုပါတယ်တဲ့လေ။

Hallway တလျှောက် လမ်းအတူလျှောက်လာရင်းက ရုတ်တရက်ဆိုသလို လက်ကောက်ဝတ်မှကိုင်ဆွဲရင်း ဘေးဘက်သို့ ဆွဲခေါ်ခံလိုက်ရခြင်းကြောင့် Hyunjin နားမလည်နိုင်ဖြစ်သွားရသည်။

Strawberries And Cigarettes • 황승Where stories live. Discover now