Zawgyi
ဒီနေ့ Seungmin တို့အဖွဲ့ သန့်ရှင်းရေး အလှည့်ကျသည်။ သန့်ရှင်းရေးလုပ်၊ ခုံတွေပြန်စီပြီးနောက် ကျန်တဲ့သူတွေ ပြန်သွားပြီဖြစ်သည်။ Seungmin ကသာ စာအုပ်တွေ သွားသိမ်းနေရသည်မို့ နောက်ကျနေခြင်းပင်။
"အားလုံးပြန်သွားကြပြီပဲ" အခန်းကိုပြန်ရောက်တော့ ဘယ်သူမှ မတွေ့သည်နှင့် Seungmin လည်း အိတ်ယူပြီးသာ ထွက်လာလိုက်သည်။
ဘယ်သူမှမရှိတော့တဲ့ ကျောင်းကြီးဟာ တိတ်ဆိတ်လွန်းနေသည်။ ကော်ရစ်တာတစ်လျှောက် သူ့ခြေသံတွေကို သူပြန်ကြားရသည်အထိ။
"ဟမ်"
Seungmin ခြေလှမ်းများ ရပ်သွားသည်။ မျက်ခုံးတစ်ဖက် ပင့်တက်သွားသည်။ သူ စန္ဒယားသံ ကြားလိုက်သလားလို့။
သူခန့်မှန်းတာ မမှားဘူးဆိုလျှင် ဂီတခန်းကလာတဲ့အသံ ဖြစ်ရမည်။ Seungmin ရဲ့ ဦးတည်ရာက ဂီတခန်းဆီသို့် ဖြစ်သည်။
သော့ခတ်ထားလေ့မရှိတဲ့ ဂီတခန်းထဲဝယ် စန္ဒယားအိုတစ်လုံး ရှိသည်။ စန္ဒယားအို ဆိုပေမဲ့ သိပ်ကို အိုဟောင်းနေတာတော့ မဟုတ်ဘူးပေါ့။ အသုံးမပြုတာကြာလို့ အဟောင်းတစ်ခု ဖြစ်သွားရုံ။
Seungmin အသက်ရှူနှုန်းများ ခေတ္တ ငံ့လင့်သွားရသည်။ စန္ဒယားထိုင်ခုံမှာ ကျကျနနထိုင်ပြီး clipart တွေအပေါ် တီးခတ်နေတဲ့ လက်ချောင်းပိုင်ရှင်ဟာ Hwang Hyunjin ဖြစ်နေခဲ့သည်လေ။
သူက မျက်လုံးတွေကို ပိတ်ထားသည်။ အမြင်အာရုံ စူးစိုက်စရာမလိုဘဲ လက်ချောင်းတွေကို နေရာ၊ပုံစံမှန်မှန် ဆော့ကစားနိုင်ပုံကိုကြည့်ရင် ပထမဆုံးအကြိမ် စန္ဒယားတီးဖူးတာ မဟုတ်မှန်း သိသာသည်။
Seungmin အံ့အားသင့်စွာ ရပ်ငေးနေမိသည်မှာ Hyunjin ရဲ့ လက်တွေ ရပ်တန့်သွားချိန်အထိ ဖြစ်သည်။
မျက်လုံးတွေကို ပြန်ဖွင့်လာရင်း ထိုင်ခုံက ထရပ်လိုက်တဲ့ Hyunjin ဟာ Seungmin ကို မြင်သွားဟန်တူသည်။ ဒါပေမဲ့ Hyunjin ဟာ စကားတစ်ခွန်းမပြောလာပေ။
"Frédéric Chopin ရဲ့ Ballad No.1 ဟုတ်တယ်မလား ?"
စန္ဒယားတီးတာကို မသင်ယူခဲ့ပေမဲ့ မေမေ့ကျေးဇူးကြောင့် သီချင်းတွေကိုတော့ သူရင်းနှီးနေပါသည်။ မေမေပြောဖူးတဲ့အတိုင်းဆို သူ့အဖေနဲ့အမေ စဆုံတဲ့ ဖျော်ဖြေပွဲမှာ မေမေက ဒီသီချင်းကို တီးခတ်ဖျော်ဖြေခဲ့တာ ဖြစ်သည်။
YOU ARE READING
Strawberries And Cigarettes • 황승
FanfictionWherein, cigarettes taste like strawberries . - Written in Burmese