2.6

261 37 2
                                    

Unicode

လမ်းမ၏ ညာဘက်ဘေး၌ လူသုံးယောက် လမ်းလျှောက်နေကြသည်။ ချစ်သူရည်းစားပက်သက်မှုနှင့် ကောင်လေးနှစ်ဦးရယ်၊ အခြားမိန်းကလေးတစ်ယောက်ရယ်။

တတိယလူ မဟုတ်ပါဘဲ သူ(မ)ကတော့ ကြားလူအဖြစ်နဲ့ ဒီချစ်သူနှစ်ယောက်ကြား တည်ရှိနေခဲ့တာ ဖြစ်တယ်။

Seungmin ရဲ့ ညီမ ဆိုတဲ့ အလီဘိုင်ဖြင့် နှစ်ဦးကြား လိုက်ရှုပ်နေတာ တစ်လကျော်ပြီ ဖြစ်သည်။ ဆိုးသွမ်းတဲ့ ရည်ရွယ်ချက်လေးဟာ နှစ်ယောက်သားကို သွေးခွဲဖို့ရန်မို့ နှစ်ယောက်တည်း အချိန်ကုန်ဖို့ ရည်ရွယ်တဲ့ ဒိတ်တွေမှာ မရရအောင် ကပ်လိုက်ခဲ့သည်။ ထို့အပြင် တစ်ဦးကိုတစ်ဦးပေးတဲ့ လက်ဆောင်လေးတွေကိုလည်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖြတ်ယူတတ်သေးသည်။

မကောင်းမှန်းသိပေမဲ့ နှလုံးသားရဲ့လိုအင်မှာ သူ(မ)ဟာ စိတ်လိုလက်ရ ဗီလိန်တစ်ဦးအဖြစ် ကပြနေခဲ့ရသည်။

အားနာမိတဲ့စိတ်ကလေးကတော့ သူ့ရဲ့ကြားဝင်မှုတွေကို ဘယ်လိုသော ငြိုငြင်မှုမှ မပြတဲ့ Hyunjin ကြောင့်ပါပဲ။ Seungmin ရဲ့ ညီမလေး ဆိုပြီး ဂရုတောင် စိုက်ပေးသေးသည်။

ကားတစ်စီးသည် လမ်းကြောင်းမှ ယိမ်းယိုင်ကာ လမ်းဘေးနှင့် ကပ်မောင်းလာသည်။

"Seungmin !"

လှမ်းဆွဲလိုက်တဲ့ Hyunjin ကြောင့်သာ မဟုတ်ခဲ့လျှင် Seungmin နှင့် ကား ငြိပြီးလောက်ပြီ။

"ကားကို သေချာကြည့်မောင်းလေ !"

ကားသမားကို လှမ်းအော်ပြီးနောက် Min ပြန်လှည့်တော့ Hyunjin သည် Seungmin ကို မထိခိုက်မိကြောင်း ​သေချာအောင် စစ်ဆေးနေခဲ့သည်။

"အဆင်ပြေရဲ့လား Seungmin ? "

"အင်း"

Seungmin ဘက်မှ တုံ့ဆိုင်းစွာ ခေါင်းညိတ်လာတော့ Hyunjin ထိုခန္ဓာလေးအား မိမိရင်ခွင်ထဲသို့ ထွေးပွေ့ထားလိုက်သည်။ လှုပ်ရှားနေတဲ့စိတ်ကို ဖြေလျော့တဲ့အနေနဲ့ ဦးခေါင်းအနောက်ဘက်သို့ နူးည့ံစွာ ပွတ်သပ်ချော့မြူဖို့လည်း သူ မမေ့ခဲ့။

နားလည်မှုတစ်ခုဟာ Min ထံသို့ ရိုက်ခတ်တယ်။

သူ(မ)ဟာ ထိုကားသမားကို ရန်ရှာဖို့၊ တိုင်ကြားဖို့ အားသန်နေခဲ့ပေမဲ့ Hyunjin ကတော့ အဲ့ဒီအရာတွေထက် Seungmin ကိုသာ ဦးစားပေးစိတ်ပူနေခဲ့ပါတယ်။

Strawberries And Cigarettes • 황승Where stories live. Discover now