3.6

308 34 11
                                    

Unicode

ပွင့်သွားတဲ့ ခန်းမတံခါးကြီးရဲ့ အတွင်းမှာ နေရာတကျဖြစ်နေတဲ့ မင်္ဂလာခန်းမကြီးဟာ အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီဖြစ်တယ်။

"အဆင်ပြေတယ်မလားရှင့် ?" မန်နေဂျာအစ်မရဲ့မေးခွန်းကို Min ပြုံးရင်း ခေါင်းညိတ်ပြမိတယ်။

မျက်လုံးတို့ကို မှိတ်ထားလိုက်တဲ့အခါ altar ကို လျှောက်လှမ်းလာတဲ့ အဖြူရောင်ဂါဝန်လေးနဲ့ သူမပုံရိပ်ကို သူမမြင်ယောင်မိတယ်။ ပြီးတော့ တစ်ဖက်မှာရှိနေမယ့် အဖြူရောင်သတို့သားဝတ်စုံလေးနဲ့ ကိုကိုဟာ သူမကို ပြုံးရင်း ငေးမောစွာ ကြည့်နေမယ်။

ဒီလျှောက်လမ်းကို ကျော့ကျော့မော့မော့လေး လျှောက်ပြီးတဲ့နောက်မှာတော့ သူနဲ့ကိုကို့ဘဝတွေဟာ တစ်သားတည်း ကျသွားကြပါလိမ့်မယ်။

စိတ်ကူးလေးမှာ Min ကြည်နူးမိပါတယ်။

မနက်ဖြန်..။
မနက်ဖြန်ဆိုရင် အရာအားလုံးက အေးချမ်းသွားတော့မှာ။

"နှင်းဆီနီတွေကိုတော့ မနက်ဦးပိုင်းလောက် အပြီး အလှဆင်ထားပေးပါမယ်ရှင့်။"

"နှင်းဆီနီ.. ?"

"ဟုတ်ပါတယ်ရှင့်။ ပန်းအလှဆင်ဖို့ ရွေးတော့ သတို့သားက သူ့ချစ်သူက နှင်းဆီနီတွေကို အရမ်းကြိုက်တာဆိုပြီး ရွေးသွားခဲ့တာပါ။"

ပြုံးရင်း ဖြေလာတဲ့ ဟိုတယ်မန်နေဂျာအစ်မရဲ့ စကားမှာ Min ကတော့ မပျော်နိုင်ပါဘူး။ လွန်ခဲ့သော ခေတ္တပိုင်းက အပြုံးလေးတောင် အပိုဆောင်းပြီး ပျောက်ဆုံးသွားပါသေးတယ်။

ကိုကို့ချစ်သူက နှင်းဆီနီတွေ သိပ်ကြိုက်တာ ဆိုပြီးတဲ့လား.. ?

ဒါပေမဲ့ Min မှ နှင်းဆီနီတွေကို မကြိုက်တာ....

×××

"Min.. သမီးလေး လာလေ"

"ကိုကိုရော အန်ကယ်လ်?"

အိမ်ထဲရောက်ရောက်ချင်း သတို့သားလောင်းကိုမေးတော့ အန်ကယ်လ်ဟာ ရယ်တယ်။ Min ကိုကို့ကို သိပ်ချစ်တာဟာ သိသာပြီးရင်းကို သိသာနေပါတော့တယ်။

"သတို့သားလောင်းက အပေါ်ထပ် သူ့အခန်းထဲမှာ။ တက်သွားလေ။"

"ဟုတ်ကဲ့ အန်ကယ်လ်။ ခွင့်ပြုပါဦး။" အန်ကယ့်လ်ကို အရိုအသေပေးပြီးနောက် Min အပေါ်ထပ်ကို တက်လာခဲ့တယ်။

Strawberries And Cigarettes • 황승Onde as histórias ganham vida. Descobre agora