14

348 47 0
                                    

Zawgyi

"ဒီနေ့ ကျောင်းသားသစ်တစ်ယောက် ထပ်တိုးမယ်။ ဟိုကလေး ဝင်လာလို့ရပြီ။"

ဆရာမရဲ့စကားနောက်မှာ အခန်းထဲသို့ ကောင်လေးတစ်ယောက် ဝင်လာသည်။ အမည်းရောင်ဆံပင်တွေ မညီမညာညှပ်ထားသည်။ ဆံသဆရာညံ့တာမျိုးထက် သူ့စိတ်သူ့ကိုယ် ဒီဇိုင်းကွန့်ထားသည့်ပုံ။
helix မှာ နားကပ်အသေးသုံးခုကို ပန်ထားသည်။

"အားလုံးပဲ၊ ငါ့နာမည်ကတော့ Lee Hyunsik လို့ ခေါ်တယ်။ လွယ်လွယ် Sik လို့ခေါ်လည်း ဖြစ်တယ်။" လက်တစ်ဖက်ကိုပါ မြှောက်ပြီးပြောလာပုံထောက်၊ ယုံကြည်မှုခပ်မြင့်မြင့်ပုံစံပင်။

" Min! Hyunsik သူ့ဘေးနား ထိုင်လိုက်နော်။ နှစ်ယောက်လုံးက ကိုရီးယားကဆိုတော့ အဖော်ရတာပေါ့။"

သည်လိုနှင့်ပဲ။ ဖန်တီးခဲ့တဲ့ရေစက်လေးဟာ စိတ်ကူးအတိုင်း ဖြစ်လာသည်။ သူ့အား မျက်စောင်းခဲနေတဲ့ ကောင်မလေးဆီသို့ အေးအေးလူလူပဲ လျှောက်သွားလိုက်သည်။ ထိုင်ခုံမှာ တင်ပါးချသည်နှင့် Min က မျက်နှာလွှဲသွားသည်။

ဘယ်လိုသော ကြောင်ဆိုးလေးပါလိမ့်။
ပထမအကြိမ်က မတော်တဆလေးကို အခုထိ စိတ်လုပ်နေပုံ။

"ငါတို့ ထပ်ဆုံကြပြန်ပြီနော်။ ဖူးစာတွေ ထင်တယ်။"

Hyungsik ဆိုတဲ့ ငနာလေးကလည်း လွန်ပါတယ်။ တောင်းပန်စကား အရင်မဆိုဘဲ စကားတွေထပ်လွန်ပြန်သည်။
မျက်နှာမုန်းကတော့ ကျိုးပြီးရင်း ကျိုးခံရတော့မှာ မြင်ယောင်ပါရဲ့။

Min က သူ့အား တစ်ခွန်းပြန်မဆိုပါ။ သည့်အစား မျက်စောင်းနောက်တစ်ချက်ထိုးသည်။

"နေ့လည်ကျရင် ကျောင်းအနှံ့လိုက်ပြဦးနော်။"

Min က ခေါင်းခါသည်။ ပထမအကြိမ်ကသာ သူ့ကို ရန်မစွာခဲ့ဘူးဆိုရင် Min ကို စကားမပြောတတ်တဲ့ ကောင်မလေးလို့ သူသံသယဝင်မိမှာ အမှန်ပင်။

"လုပ်ပါဟာ။ အတန်းထဲမှာ ကိုရီးယားလူမျိုးဆိုလို့ နင်နဲ့ငါပဲရှိတာ။ နင်မကူညီရင် ငါမျက်စိသူငယ်နားသူငယ်ဖြစ်နေမှာဟ။"

ယုတ္တိမရှိတဲ့ ခပ်ပိုပိုစကားတွေပါပဲ။ Lee Hyungsik မျက်စိသူငယ် နားသူငယ်ဖြစ်တယ်ဆိုတာ အနောက်အရပ်က နေထွက်တာထက်တောင် မဖြစ်နိုင်သေး။

Strawberries And Cigarettes • 황승Où les histoires vivent. Découvrez maintenant