Epilogue

707 46 15
                                    

Unicode

အဝါရောင်ပန်းစည်းလေးအား အုတ်ဂူမှာနေရာချကာ ယင်းဘေးမှာ ထိုင်ချမိသည်။ မြက်ပင်တွေ၊ မြေကြီးတွေနဲ့ ညစ်ပတ်နေတာကိုလည်း သူ အရေးမစိုက်ဖြစ်ပါ။ အုတ်ဂူလေးကို ဘေးမှီရင်းသာ ခိုလှုံရာကို ရှာဖွေမိတယ်။

"ဒီနေ့ မင်းကိုယ့်ကိုထားသွားတာ 5 နှစ်ရှိပြီနော်"

အေးချမ်းရာမှာ အနားယူနေပြီဖြစ်တဲ့သူက ပြန်မဖြေလာနိုင်တော့ပေမဲ့ စကားတွေ ဆက်ပြောမိနေတုန်းပါပဲ။

မိမိရဲ့ပန်းစည်းဝါလေးတွေဘေးမှာ အဖြူရောင်ပန်းပွင့်လေး ရှိနေတာကို သတိထားမိတော့ သက်ပြင်းချမိပြန်သည်။

"မင်းရဲ့သား လာသွားတာပဲ"

နှစ်ပတ်လည်တိုင်း သူ့ထက်ဦးပြီး ဂါရဝလာပြုသွားကြောင်း ကြိုရှိနေနှင့်တတ်တဲ့ အဖြူရောင်ပန်းလေးတွေက Kim ကို သတင်းပေးတယ်။ ဒါနဲ့ဆို 2 နှစ်။

မင်္ဂလာပွဲကနေ ထွက်ပြေးသွားကတည်းက သူတို့သားအဖ မတွေ့ဖြစ်ကြတော့တာဖြစ်တယ်။ ဒါပေမဲ့ Seungmin ဟာ ဒီ 2 နှစ်လုံး သူ့အမေကိုတော့ ဂါရဝလာပြုခြင်း မပျက်ကွက်။

"မင်းသိလား Misoo.. ကိုယ့်သားက တကယ်ကို ကိုယ်နဲ့တူတယ်။ အဲဒီကလေးကလည်း ကိုယ့်တုန်းကလိုပဲ မင်္ဂလာပွဲကနေ ထွက်ပြေးသွားတာလေ.. "

ယောက်ျားလေးတစ်ယောက်နဲ့အတူ မင်္ဂလာပွဲကနေ ပြေးထွက်သွားခဲ့တဲ့ သားဖြစ်သူရဲ့ကျောပြင်ဟာ သူ့မှတ်ဥာဏ်ထဲမှာ အထင်းသားရှိနေဆဲ။ ပြီးတော့ ပျက်သွားတဲ့ မင်္ဂလာပွဲအလယ်မှာ လိင်တူချင်းကြိုက်နေတဲ့သားအကြောင်း အတင်းအဖျင်းပြောကြတဲ့ ဧည့်သည်တွေရှေ့ အရှက်ကွဲခဲ့တာလည်း 2 နှစ်ကျော်ခဲ့ပြီ။

အဲဒီနောက် သားအဖသံယောစဥ်ထက် အရှက်တရားက ကြီးစိုးသွားခဲ့ပြီး သားဖြစ်သူကို စွန့်လွှတ်ကာ ဒုက္ခရောက်အောင် ပစ်ထားခဲ့တာလည်း အခုဆို 2 နှစ်ကျော်ပြီပေါ့။

"အန်ကယ်လ်.. "

အရှေ့မှာ ခြေစံရပ်လာတဲ့ မိန်းကလေးကို အခုတိုင် အားနာတဲ့အကြည့်တွေနဲ့ သူကြည့်မိနေဆဲပါပဲ။ သူမကိုယ်တိုင် သူမဆန္ဒနဲ့ သတို့သားကို လက်လွှတ်ပေးခဲ့တာပါလို့ ပြောတာတောင် အားနာစိတ်ဟာ အရှင်းမပျောက်သေးပါဘူး။

Strawberries And Cigarettes • 황승Where stories live. Discover now