3.7

364 40 2
                                    

BGM - Speak Now by Taylor Swift

Unicode

နာရီပေါ်က အချက်ပြလက်တံဟာ ၁၂ ကို လွန်သွားပြီ ဖြစ်သော်လည်း Hyunjin မအိပ်နိုင်သေး။ အကြိမ်ကြိမ် ငိုထားတာကြောင့် မျက်လုံးတွေ ပင်ပန်းနေပေမဲ့လည်း အိပ်ချင်စိတ်ကို တွန်းလှန်နေမိဆဲ။

သူ ကြောက်နေမိတယ်။
အိပ်ပျော်သွားပြီး နိုးလာမယ့်မနက်ဖြန်မှာ မမြင်ရတဲ့ အနာဂတ်ကြီးဟာ သူ့အတွက် သန်းခေါင်ထက် ပိုမှောင်လွန်းတယ်။

အတွေ့မခံခဲ့ပေမဲ့.. ပြီးဆုံးသွားပြီလို့ စဖြတ်ခဲ့ပေမဲ့.. အခြားမိန်းကလေးတစ်ယောက်ဆီ တကယ်တမ်း ထည့်ပေးလိုက်ဖို့ကို သူ အဆင်သင့်မဖြစ်သေးပါဘူး။

မနက်ဖြန် ဆိုတဲ့နေ့ရက်အလွန်မှာ မူလပထမကလို တစ်ယောက်တည်း ပြန်ဖြစ်သွားမယ့် သူ့ဘဝကို တွေးကြည့်ရုံလေးတောင် မွန်းကြပ်လွန်းတယ်။

ချစ်သူတွေကနေ သူစိမ်းတွေ ဖြစ်သွားကြဖို့ကို သူ ခံနိုင်ရည် မရှိသေးပါဘူး။

တွဲယှက်လိုက်တိုင်း ထပ်တူကျနေတတ်တဲ့ အဲဒီလက္ကေလးကို ထပ်တွဲခွင့် မရှိတော့မယ့်အဖြစ်။ ငါ့အပိုင် ဆိုတဲ့ ခေါင်းစဉ်လေးကို ထပ်သုံးခွင့် မရှိတော့မယ့်အဖြစ်။ အတားအဆီးမဲ့ မြတ်နိုးစွာ ငေးခွင့် မရှိတော့မယ့်အဖြစ်။ ချစ်တယ် ဆိုတဲ့ ဝန်ခံခြင်းတွေကို ပြောခွင့်၊ ကြားခွင့် မရှိတော့မယ့်အဖြစ်။

ဘယ်လိုများ.. ဘယ်လိုနှလုံးသားနဲ့များ ဖြေသိမ့်ရပါမလဲလေ။

"Hyunjin..."

"Minho Hyung....."

ထွေးပွေ့လာတဲ့ Minho ကို ဖက်ရင်း Hyunjin ငိုချမိပြန်တယ်။ အမြဲလိုလို အစေးမကပ်ပေမဲ့ အခုတော့ Minho ကို မှီခိုနေလိုက်ပုံများ Hyunjin ရဲ့စိတ်ဟာ အမှန်တကယ်ကို အကူအကယ်မဲ့နေကြောင်း သိသာလွန်းပါရဲ့။

"ကျွန်တော် ကြောက်တယ် Hyung... မနက်ဖြန် ဆိုတာကို ကျွန်တော် ကြောက်တယ်"

ကူရာမဲ့နေတဲ့ ကလေးတစ်ယောက်လို ငိုကြွေးနေတဲ့ Hyunjin ရဲ့ ကျောပြင်ကို ခပ်ဖွဖွပုတ်ရင်း ဆံပင်လေးတွေကို အသာသပ်ရင်း Minho နှစ်သိမ့်ပေးမိပါတယ်။

"Hyunjin မနက်ဖြန်က မင်းတို့ဘဝကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘဲ.. မင်းတို့ကသာ မနက်ဖြန်ကို ကြိုးကိုင်ရွေးချယ်ရမှာ"

Strawberries And Cigarettes • 황승Where stories live. Discover now