19

387 45 0
                                    

Zawgyi

"Min...." ခေါ်ယူမှုလေးဟာ အိပ်စက်နေတဲ့အရိပ်လေးကို တွေ့လိုက်တဲ့အခါ သိသိသာသာတိုးညင်းသွားသည်။

ဘေးနားမှာ ခုံဆွဲပြီး ထိုင်လိုက်သည့်တိုင် တစ်ချက်လှုပ်မသွားတဲ့ ကောင်မလေးဟာ သူ့လို အအိပ်ဆတ်ပုံမရ။ ပါးပေါ်ကျနေတဲ့ ဆံပင်တို့ကို နားအနောက်သို့ သပ်လိုက်တော့ မျက်နှာအေးလေးကို ပိုရှင်းလင်းစွာ မြင်ရသည်။

စားပွဲခုံပေါ်လက်တင်ကာ ခေါင်းမှီလိုက်ရင်း ဘေးမှ သက်ရှိအရုပ်လေးကို ငေးမိသည်။ ချစ်ခြင်းမေတ္တာကို ပုံစံမျိုးစုံနှင့် ရှာတွေ့တတ်ကြတယ်ဆိုရင် Hyungsik ကတော့ အချစ်ကို ကောက်ရတဲ့အရုပ်မလေးအဖြစ် ရှာတွေ့ခဲ့ပါတယ်။

သူသိပ်မုန်းတဲ့ တနင်္လာနေ့မှာ သူသိပ်ချစ်တဲ့သူနှင့် ဆုံရမယ်လို့ ဘယ်တုန်းကမှ မတွေးမိသလို၊ မိဘတွေအပေါ် သိပ်ဆိုး၊ သိပ်အနိုင်ယူတဲ့ ငနာလေးက မိန်းကလေးတစ်ယောက်ကိုတော့ အရာရာအရှုံးပေးတတ်မယ်လို့ရော ဘယ်သူကများ တွေးမိခဲ့မလဲ။

ခေတ္တမျှကြာတော့ Min လက်နှင့် ပိနေတဲ့ စာရွက်ဖြူလေးကို Hyungsik သတိပြုမိသည်။ Min ကို မနှိုးမိအောင် စာရွက်လေးကို ဂရုတစိုက်ဆွဲယူပြီး ကြည့်မိတော့ ခြစ်ဆွဲထားတဲ့ ပုံကြမ်းတစ်ခုက တစ်ပါးသောအမျိုးသားတစ်ယောက်တဲ့လေ။

Min ဖုန်းထဲမှာ သူ မတော်တဆ မြင်ခဲ့ဖူးတဲ့ ပုံရိပ်တွေရဲ့ အနုစိတ်တွေက စာရွက်ပေါ်ကပုံကြမ်းမှာ သိသာနေတယ်။ Min ဟာ ပုံဆွဲတော်လိုက်ပုံများ Hyungsik ရဲ့ ရင်ဘတ်တစ်ခြမ်း သိသိသာသာ နာလာတဲ့အထိပဲ။

ကွာခြားမှုတွေ ယှဉ်ကြည့်တဲ့အခါ ပုံပန်းအရဆို မသပ်မရပ် အမြဲထိုးဖွထားတတ်တဲ့ သူ့ဆံပင်ပုံစံက ခပ်ဖွာဖွာဖြစ်နေသည့်တိုင် သပ်ရပ်ပုံပေါ်တဲ့ အဲ့ဒီလူရဲ့ပုံစံနှင့် အနည်းငယ်ကွာခြားပါတယ်။

ခွေးပေါက်လေးတစ်ကောင်နှင့် အလားသဏ္ဍာန်တူတဲ့ သွင်ပြင်က သူ့ရဲ့ကြောင်တစ်ကောင်လို ပုံပန်းနဲ့တော့ လားလားမှ မသက်ဆိုင်။

ဒါပေမဲ့ အဲ့ဒီမတူညီတဲ့သွင်ပြင်တွေကို သူလိုက်ညှိယူဖြစ်မှာ မဟုတ်။ Min နှလုံးသားထဲ နေရာတစ်နေရာရဖို့အတွက် ရှိပြီးသားလူကို လိုက်တုယူမယ့်အစား သူ့ပုံစံလေးအတိုင်းသာ Min ရဲ့ စိတ်မှာ နေရာယူချင်ပါသည်။

Strawberries And Cigarettes • 황승Where stories live. Discover now