3.

443 70 1
                                    

Zawgyi

CD player မှတစ်ဆင့် Wolfgang Amadeus Mozart ရဲ့ သီချင်းကြီးများက အခန်းတစ်ခုလုံး လွင့်ပျံနေသည်။ Requiem ဟာ Mozart ရဲ့ အအောင်မြင်ဆုံးလက်ရာပီပီ ယူပစ်စရာနေရာကို မရှိ။

1791 ခုနှစ်များဆီက သီချင်းပေမဲ့ နှစ်ပေါင်းရာချီတိုင် အသက်ဝင်နေဆဲပင်။ Requiem မပြီးဆုံးခင် Mozart ဆုံးပါးသွားတာကတော့ ဒီသီချင်းနဲ့ပက်သက်ပြီး ဝမ်းနည်းစရာ အကောင်းဆုံး အမှတ်တရတစ်ခုဖြစ်လိမ့်မည်။

ဧည့်ခန်းထောင့်မီးမှလွဲ၍ အောက်ထပ်တစ်ခုလုံး အမှောင်ချထားတဲ့ အိမ်ကြီးထဲဝယ် Seungmin ဟာ စီးကရက်တစ်လိပ်ကို ဖွာနေသည်။

Jeongin နဲ့ နောက်ဆုံးတွေ့တဲ့နေ့မှာ စီးကရက်တစ်ဘူး ဝယ်ခဲ့ပေမဲ့ Hyunjin ကို စီးကရက်တစ်လိပ် ပေးလိုက်ရတာကလွဲရင် သူမသောက်ဖြစ်ခဲ့။

ပထမဆုံးအကြိမ် ဖွာမိတာက ပထမဆုံးကျောင်းတက်တဲ့နေ့ ​ကျောင်းအနောက်ဘက်မှာ ဖြစ်သည်။ 

ယခု သူသည် ဒုတိယမြောက်အကြိမ် စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ထားပြန်သည်။

Pianist တစ်ဦးဖြစ်တဲ့ မေမေ့ကြောင့် သူလည်း စန္ဒယားသံတွေကို နှစ်သက်မိနေတာ ထင်ပါရဲ့။ ပုံပန်းသဏ္ဍာန်ရော စိတ်ထားရော ဖေဖေနဲ့ဆင်တူတဲ့သူ့မှာ အမေနဲ့တူတာဆိုလို့ စန္ဒယားလက်သံတွေကို မြတ်နိုးတာလေးတစ်ခုသာ ရှိသည်။

ငယ်ငယ်ကငိုလျှင်ပင် မေမေ့စန္ဒယားသံကြားတာနဲ့ တိတ်သွားတတ်သည်။ ပြန်စဉ်းစားကြည့်ရင် သူဟာ အမေကို တော်တော်,တာ,ခဲ့တာပါလေ။

အချိန်ကိုက်ထားသကဲ့သို့ သီချင်းပြီးသည်နှင့် ဖုန်း screen လေး လင်းလာသည်။ နောက်သီချင်းမလာသေးအောင် CD ကို ပြန်ထုတ်လိုက်ပြီး ဖွာလက်စ စီးကရက်ကိုလည်း အနက်ရောင်ပြာခွက်တွင် ချေသတ်လိုက်သည်။

"အင်း၊ ပြော ဖေဖေ"

"အခန်း ၄ အထိ ရောက်သွားတယ်ဆို? မင်းကွာ! ဒါကြောင့် အဲ့ဒီနေ့က မလာပါနဲ့လို့ ပြောသားပဲ"

"ကျွန်တော် အဲ့ဒီနေ့က စာမေးပွဲကို ပြီးအောင်မဖြေဘဲ ဆေးရုံလိုက်လာတာ မှားတယ်လို့ ဖေဖေက ပြောချင်နေတာလား?  မေမေ့နောက်ဆုံးအချိန်ကို မီချင်ခဲ့တာ သားတစ်ယောက်အနေနဲ့ ကျွန်တော်မမှားဘူး။" 

Strawberries And Cigarettes • 황승Dove le storie prendono vita. Scoprilo ora