2.4

234 34 10
                                    

Zawgyi

ကျောင်းဝန်းပြင်ပကို ထွက်လာခဲ့တဲ့ Seungmin ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။ မိုးတွေသည် အားကောင်းစွာ ရွာနေခဲ့ပါသည်။

သူ မိုးရွာတာကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဖူးပါဘူး။ မိုးရေတွေက စိတ်ထုံထိုင်းစရာ ကောင်းလွန်းသည်။ လူတွေရဲ့ လုပ်မှုဆောင်ခင်းတွေကို ကမောက်ကမ ဖြစ်စေသည်။ တည်ငြိမ်နေတဲ့ သဘာဝတရားကို လှုပ်ခတ်သည်။ သစ်ပင်တို့ကို စိုစွတ်ညစ်ညမ်းစေသည်။ မိုးရွာပြီးချိန် လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ ရေကွက်တွေကိုတော့ Seungmin အမုန်းဆုံး ဖြစ်သည်။

"ဘာရပ်လုပ်နေတာလဲ"

"မိုးရွာနေလို့ ... "

Hyunjin က တစ်ချက်ပြုံးသည်။ ယင်းက ပုစ္ဆာတစ်ပုဒ်ရဲ့ အဖြေကို လက်ကိုင်သိထားတဲ့လူရဲ့ အပြုံးမျိုးဖြစ်သည်။

"ငါ့မှာ ထီးပါလာတယ်"

Hyunjin အိတ်ထဲမှ ထုတ်ပြလာတဲ့ထီးလေးဟာ အနက်ရောင်ခေါက်ထီးခပ်သေးသေးရယ်။ Seungmin ခေါင်းခါရမ်းကာ ရယ်လိုက်မိသည်။

"မင်းကိုတောင် လုံခြုံမှုမပေးနိုင်တဲ့ ခေါက်ထီးလေးက ငါ့ကို မိုးရေတွေဆီက ကာကွယ်ပေးနိုင်မှာတဲ့လား ?"

တိုက်ခတ်သွားတဲ့ လေပြင်းတစ်ချက်ဟာ Hyunjin မျက်နှာပေါ်မှ အပြုံးတို့ကိုပါ တိုက်စားသွားခဲ့သည်။ Seungmin စကားတွေက မှန်နေခဲ့ပါသည်။

သူ့တစ်ယောက်တည်းကိုတောင် လုံခြုံစွာ မအုပ်မိုးနိုင်တဲ့ ထီးခေါက်ငယ်က ယောက်ျားလေးနှစ်ယောက်ကို ခိုလှုံမှု ပေးစွမ်းနိုင်မည်တဲ့လား။

ထိုနည်းတူစွာပဲ ကိုယ့်ဘဝကိုယ်တောင် တာဝန်မယူနိုင်သေးတဲ့ သူက Seungmin ရဲ့ ဘဝကိုရော တာဝန်မျှယူနိုင်မည်တဲ့လား။

အတွေးများပြီး ပူပန်နေမိတဲ့ သူ့စိတ်ကို Seungmin ဟာ ဖတ်မိသွားသည် ထင်ပါ၏။ နွေးထွေးသောလက်တစ်ဖက်သည် သူ့လက်အား ဖေးမဆုပ်ကိုင်လာခဲ့သည်။ Hyunjin မော့ကြည့်လိုက်ချိန်တွင် အဓိပ္ပါယ်မသိတဲ့ အပြုံးတစ်ခုက သူ့အား ဆီးကြိုနေခဲ့သည်။

ထို့နောက် တွဲထားတဲ့လက်တို့မှ ဆွဲအားတစ်ခုကိုလိုက်၍ နောက်ခြေထောက် မြေပြင်မှ ကြွသွားခဲ့သည်ကို သတိထားမိသည်။
နောက်ထပ်စက္ကန့်အချို့မှာ မိုးရေတွေဟာ သူ့ခန္ဓာကိုယ်ကို အလိုရှိတိုင်း စိုစွတ်စေ​နေပြီ ဖြစ်သည်။

Strawberries And Cigarettes • 황승Donde viven las historias. Descúbrelo ahora