Zawgyi
"Seungmin?"
မမျှော်လင့်ဘဲ ဆိုင်ကိုရောက်လာတဲ့ Seungmin ဟာ မျက်နှာသိပ်မကောင်းပါ။ ထို့ပြင် ယခင်နေ့တွေနဲ့ ကွဲထွက်နေတဲ့ အပေါ်အောက် ဝတ်ဆင်ထားတဲ့ အနက်ရောင်ဝတ်စုံ။ သို့ပေမဲ့ အဝတ်အစားကြောင့် မဟုတ်ဘဲ Seungmin ဟာ မှိုင်တွေတွေအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
"မိသားစုဝင်ရဲ့ သေဆုံးခြင်းနှစ်ပတ်လည်အတွက်ဆို ဘာပန်း ကောင်းမလဲ Hyunjin? ဒီနေ့ မေမေဆုံးတာ ခြောက်လပြည့်မလို့"
ငိုက်စိုက်ထားတဲ့ မျက်နှာလေးဟာ ယခုတိုင် မော့မကြည့်လာသေးပေမဲ့ ခွန်းဟလာတဲ့ စကားတို့မှာ Hyunjin စိတ်ပူမိတာတော့ အမှန်ပါပဲ။
အဖြူရောင်လီလီတစ်စည်းကို ကမ်းပေးလိုက်တော့ လှမ်းယူလာတဲ့ လက်တွေဟာ အနည်းငယ် တုန်ရီချင်နေသည်။
"တစ်ယောက်တည်းလား ? ငါ အဖော်လိုက်ခဲ့ပေးရမလား ?"
ဒီတော့မှ မော့ကြည့်လာတဲ့ မျက်ဝန်းတွေဟာ အရည်ကြည်လေးများ လဲ့ရည်ဝေနေသည်။ အချိန်အခါမရွေး ရွာကျတော့မယ့် မိုးတွေလိုပင်။
Seungmin ခေါင်းမညိတ်မိသလို ငြင်းလည်းမဆန်မိပါ။
မေမေ့ကိုသတိရလို့ သွားတွေ့ဖို့လာခဲ့ပေမဲ့ လမ်းတဝက်မှာတင် ပြိုကျချင်နေတဲ့ မျက်ရည်ဆည်တမံကြောင့် တစ်ယောက်တည်း သွားတွေ့ဖို့ ခက်ပါသည်။ ဒါပေမဲ့ သက်သက်မဲ့ Hyunjin ကိုလည်း ဒုက္ခမပေးချင်သည်မို့ လိုက်ခဲ့ပေးပါလို့လည်း မပြောမိ။"Noona အဒေါ်လာရင် ကျွန်တော် အရေးကြီးကိစ္စ အပြင်ထွက်သွားတယ် လို့ ပြောပေးနော်"
ဝန်ထမ်းအစ်မတစ်ယောက်ကို လှမ်းအော်ပြီး Hyunjin ဆိုင်ကယ်သော့ကို ယူကာ ကောင်တာမှ ထွက်လာသည်။
"သွားမယ် Seungmin"
အဲ့ဒီလိုနဲ့ Hyunjin သည် Seungmin လက်ကို ဆွဲရင်း ဆိုင်ထဲမှ ထွက်သွားခဲ့သည်။
လိုက်ခဲ့ပေးပါ လို့ မပြောမိဘဲ ။
အထီးကျန်နေပါတယ် လို့ ဖွင့်ဟစရာမလိုဘဲ ။Hyunjin ဟာ သူ့အနားမှာ ရှိပေးဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။
အဲ့ဒီနေ့က ဆိုင်ကယ်အနောက်ခုံမှ လိုက်ပါလာတဲ့ Seungmin ရဲ့ လက်တွေဟာ Hyunjin ခါးကို သိသိသာသာ ပိုတင်းကျပ်စွာ ဖက်တွယ်ထားခဲ့သည်။
YOU ARE READING
Strawberries And Cigarettes • 황승
FanfictionWherein, cigarettes taste like strawberries . - Written in Burmese