2.2

299 32 1
                                    

Zawgyi

ဆေးရုံကုတင်ပေါ်မှာ တစ်နေကုန်လှဲနေရတာမျိုးကို Min သိပ်မုန်းပေမဲ့ ဒီတစ်ခေါက်တော့ နောင်တသိပ်မရှိလိုပါပဲ။ သူ ပျော်ခဲ့ရတာပဲလေ။ သုံးနာရီလောက်မျှသော ပျော်ရွှင်မှုဟာ သုံးရက်ဆက်တိုက် ဆေးရုံတက်ရတာနဲ့ တန်ရဲ့လား မေးလာလျှင် တန်တယ်လို့ ရူးမိုက်စွာ ဖြေမိမယ့်အထိကို သူပျော်ခဲ့ပါသည်။

အဲ့ဒီနေ့က Hyungsik နှင့် သူ မိုးရေထဲ လျှောက်သွားခဲ့ကြသည်။ အေးတဲ့အချိန်အခါနှင့် မလိုက်ဖက်တဲ့ ရေခဲမုန့်ကို ဝယ်စားခဲ့ကြတယ်။ ပြီးတော့ မိုးတိတ်ပြီး နေပြန်ထွက်လာတဲ့အခါ ပေါ်လာတဲ့ သက်တန့်ကြီးကို စောင့်ပြီးကြည့်ခဲ့ကြတယ်။

တကယ်လုပ်ခဲ့မိတာလား လို့ သူ့ကိုယ်သူတောင် မယုံနိုင်တဲ့ ရူးမိုက်မှုတွေကို သူ ပျော်ပျော်ကြီး လုပ်ခဲ့သည်။

ကိုကိုနှင့်တုန်းက အပြည့်အဝမခံစားခဲ့ရတဲ့ စိတ်လွတ်လပ်မှုနှင့် ပျော်ရွှင်မှုတွေကို Hyunsik နှင့်မှ သူ ခံစားခဲ့ရသည်။ ကိုကို မပေးခဲ့တဲ့ အရေးပေးခြင်းတွေ .. အချစ်တွေ .. စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ..

မသိစိတ်က Hyunsik ကို ကိုကိုနှင့် နှိုင်းယှဉ်မိနေတာကို အသိစိတ်က သတိထားမိသွားတဲ့အခါ Min ခေါင်းခါလိုက်သည်။ သူချစ်တဲ့ကိုကို့ကို Hyungsik နှင့် ဘာလို့များ ယှဉ်မိနေတာလဲ။

"Min!" ရင်းနှီးနေတဲ့အသံကြောင့် Min တံခါးဝကို လှမ်းကြည့်လိုက်ပေမဲ့ ဘယ်သူမှ ဝင်မလာသလို တံခါးလည်း ပွင့်မနေပါ။

"Min!"

ဒုတိယအကြိမ်မြောက်ခေါ်သံမှာတော့ ဆန့်ကျင်ဘက်ကို Min လှည့်ကြည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်မှာ ရှိနေတဲ့ Hyungsik ကြောင့် Min စိတ်တွေ ထွေပြားသွားရသည်။
ပြတင်းပေါက်ကို မြန်မြန်ဖွင့်ကာ Hyungsik ကို ဝင်စေပြီးမှသာ သက်ပြင်းချနိုင်တော့သည်။

"ရူးနေတာလား Sik? အဲ့ဒီမှာ ဘာလုပ်နေရတာလဲ ။ သေချင်လို့လား ဟမ်"

ခြေတစ်ပြားစာပဲ ရှိတဲ့ ပြတင်းပေါက်အောက်ခံဘောင်မှာ ခိုရပ်နေရအောင် leukemia ဦးနှောက်ထဲ ဝင်သွားတာလား ။

Hyungsik က ရယ်သာနေသည်။
ဘုရားရေ ။ ဒီငနာ တကယ်ရူးနေပြီပဲ။

"အခု ငါ ဘာမှမဖြစ်ဘူးလေ"

Strawberries And Cigarettes • 황승Where stories live. Discover now