9.

353 56 1
                                    

Zawgyi

ကျောင်းဆင်းချိန် အိမ်ပြန်ရင်း စတိုးဆိုင်တစ်ခုအရောက် Min ၎င်းရှေ့ ရစ်သီရစ်သီ လုပ်နေမိသည်။ အထဲကို ဝင်ချင်ပေမဲ့ တွန့်ဆုတ်နေတဲ့ စိတ်လေးကြောင့် သူ့ခြေလှမ်းတွေ ရှေ့ဆက်မတိုးရဲ။

၁၆ နှစ်အရွယ် ကျောင်းသူတစ်ယောက် ဆေးလိပ်ဝင်ဝယ်လျှင် သေချာပေါက် မရောင်းဘူးဆိုတာ သူသိနေပါသည်လေ။

"Min? ဒီမှာ ဘာလုပ်နေတာလဲ"

ရုတ်တရက် အနောက်မှအသံကြောင့် လန့်သွားပေမဲ့ လှည့်ကြည့်လိုက်တော့ Seungmin ဖြစ်နေခဲ့သည်။ အကူအညီတောင်းဖို့ အသိတစ်ယောက်ကို မျှော်နေခဲ့ပေမဲ့ Seungmin ကို မျှော်နေတာ မဟုတ်ကြောင်းတော့ သေချာပါသည်။

"အထဲဝင်မယ်ဆိုလည်း ဝင်လေ။ ဘာဝယ်မလို့လဲ"

"ဟို ....."

"ဟမ်"

"စီးကရက် ... ဝယ်မလို့"

Seungmin စိတ်တိုမိသွားတာ အမှန်ပါပဲ။ အပြင်ထွက်ရင်း မမျှော်လင့်ဘဲ ဆုံမိတဲ့ Min ဟာ စီးကရက်ဝယ်ဖို့ ကြိုးစားနေတာတဲ့လေ။

"မင်းနဲ့စီးကရက်တွေနဲ့ ဘာဆိုင်လို့လဲ ဟမ်"

ဒေါသစိတ်ကြောင့် အသံနည်းနည်းကျယ်သွားတယ် ထင်ပါရဲ့။ Min မျက်နှာလေး ငယ်သွားသည်။ စိတ်မကောင်းပေမဲ့ Min ဟာ သူ အရောင်မဆိုးလိုတဲ့ အဖြူရောင်ကားချပ်လေးမလို့ Seungmin မှာ ကာကွယ်ရမယ့် ဝတ္တရားရှိသည်။

"Min အတွက် မဟုတ်ဘဲ ..... ကိုကို့အတွက် ဝယ်ပေးမလို့ပါ"

သူ့စိတ်လေးက ရိုးရိုးလေးရယ်။ စီးကရက်တွေကြိုက်တဲ့သူကို စီးကရက်တွေ ပေးချင်ရုံလေး။ သူကိုယ်တိုင် စီးကရက်တွေကို မုန်းလွန်းသည့်တိုင် Seungmin ကို ပျော်စေချင်ခဲ့ရုံလေးပါ။

Seungmin သက်ပြင်းတစ်ခုကို စိတ်လိုလက်ရ ချမိသည်။ သူ့အတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အနည်းဆုံးတော့ Min ဟာ စီးကရက်စမ်းသောက်တာမျိုး မဟုတ်လို့ တော်ပါသေးရဲ့။

လည်ကုတ်ကျော်ရုံဆံပင်လေးတွေကို နာနာဖွတော့ ရှေ့ကိုကျသွားတဲ့ ဆံပင်တွေကြောင့် Min ဟာ မျက်လုံးတို့ ပိတ်ထားသည်။

Strawberries And Cigarettes • 황승Where stories live. Discover now