15

323 50 4
                                    

Zawgyi

နောက်ဆုံးအကြိမ် track ကို ပြန်နားထောင်ပြီးနောက် Jisung ဆီသို့ ပို့လိုက်သည်။ ထို့နောက်တွင်တော့ နာရီချီအောင် ထိုင်ခဲ့ရတဲ့ စတူဒီယိုထဲကထွက်ပြီး စာကြည့်စားပွဲမှာ နောက်ထပ်နာရီချီအောင် ထိုင်ရမယ့်ဝတ္တရားကို Chan လုပ်ဆောင်ရပါဦးမည်။

ကြောင်ကာတွန်းပုံလေးနှင့် စာမှတ်ကတ်လေးကို ညှပ်ထားရာမှ ထုတ်ယူလိုက်ကာ ဘေးတွင်ချလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က Minho ထံမှ လက်ဆောင်ရခဲ့သည့် စာမှတ်ကတ်လေးပင်။ စာအုပ်တွေအမြဲဖတ်ရသလောက် ဘယ်အတိုင်းအတာအထိ ဖတ်ပြီးပြီလဲဆိုတာ မေ့တတ်တဲ့ သူ့အတွက်တော့ ခပ်သိမ်သိမ်လက်ဆောင်လေးက အသုံးဝင်သား။

တဖြည်းဖြည်းညောင်းညာကိုက်ခဲလာတဲ့ မျက်လုံးတွေနှင့် မျက်ကြောကို အနားပေးဖို့ထက် အပြစ်မရှိတဲ့မျက်ကြောကိုသာ လက်ညှိုးနှင့်လက်မကိုသုံးကာ ဖိနယ်နေမိသည်။

အိတ်ကပ်ထဲထည့်ထားတဲ့ဖုန်းမှ အသံပေးချက်ကြောင့် ထုတ်ကြည့်လိုက်တော့ alarm တစ်ခုဖြစ်သည်။ ပုံမှန်ဆို ဘာကြောင့် alarm ပေးထားမိသလဲ သူစဉ်းစားရလောက်ပေမဲ့ ဘေးမှာတွဲမှတ်ထားတဲ့ စာစုလေးကြောင့် ယင်းအစား ပြုံးမိသည်။

'Minho' လို့ မှတ်ထားတဲ့ဖုန်းနံပါတ်ဆီ message တစ်ခု အချိန်မှန်ပို့လိုက်သည်။ ဒဏ်ရာတွေကို ဆေးလိမ်းဖို့ သတိပေးခြင်းပင်။

သူ့ရဲ့တစ်နေ့တာက တူညီတဲ့စက်ဝိုင်းသဏ္ဍာန်ထဲမှာပဲ လည်ပတ်နေပါသည်။ စတူဒီယိုထဲရှိလျှင်ရှိ၊ မဟုတ်သော် ဆေးရုံမှာရှိမည်။ တခါတလေတော့ စာကြည့်စားပွဲမှာ မျက်မှန်တပ်ပြီး စာဖတ်နေမည်။

ယခုတော့ Minho ဆီ အချိန်မှန်စာပို့ရင်း တစ်နေ့တာကို မေးစမ်းရတဲ့ ဝတ္တရားတစ်ခုပါ ထပ်တိုးလာလေပြီ။

Minho ထံမှ ပြန်စာကို ​စောင့်နေစဉ်မှာပဲ Jisung ထံမှ ဖုန်းဝင်လာခဲ့သည်။

"အဆင်ပြေတယ် Hyung ... ဒါဆို အဲ့ဒီ track ကိုပဲ ယူသုံးလိုက်လို့ဖြစ်တယ်မလား။"

"အင်း၊ ဖြစ်တယ်လေ။ မင်းစိတ်ကြိုက်သုံး။ ဒါနဲ့ ပြန်လာမှာလား၊ အဲ့ဒီမှာပဲ နေတော့မှာလား။"

Strawberries And Cigarettes • 황승Where stories live. Discover now