Zawgyi
"စက်ဘီးငှါးသွားမယ်နော် Jungwoo"
ခေါင်းညိတ်တဲ့ခွင့်ပြုချက်ရသည်နှင့် ဝန်းထဲမှာရပ်ထားတဲ့ အနက်ရောင်စက်ဘီးလေးကို Minho ထုတ်ယူလိုက်ပြီးဖြစ်သည်။
စက်ဘီးစီးရတာက သူ့ရဲ့ပျော်ရွှင်ရာတစ်ခု မဟုတ်ပေမဲ့ ဒီနေ့တော့ Minho စိတ်တွေ ထူးဆန်းစွာ ပျော်နေသည်။ လူတွေကို ပြုံးပြရတာ မကြိုက်ပေမဲ့ ဒီနေ့တော့ သူ့အတွက်သူ ပြုံးနေမိသည်။ သို့သော် အကြောင်းပြချက်ရေရေရာရာလည်း မရှိနေပြန်။
ကစားထားတာကြောင့် ထွက်ထားတဲ့ချွေးတွေက လေတိုးတဲ့အခါ ဖြန်းခနဲအေးသွားတာမျိုးကို Minho သိပ်သဘောကျသည်။ ထို့ကြောင့် ယခုလို လေတိုက်အားကောင်းတဲ့ အချိန်မျိုးကို သဘောကျမိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လူရှင်းတဲ့လမ်းဖြစ်၍ လမ်းချိုးတစ်ကွေ့ကို ဘဲလ်မတီး၊ ဘေးဘီမကြည့်ဘဲ ကွေ့ချိုးလိုက်သည်။
မာကျောတဲ့ တစ်စုံတစ်ခုကို ထိပ်တိုက်တိုက်မိခြင်းနှင့်အတူ စက်ဘီးလဲသွားပြီး Minho မြေပေါ် ပြုတ်ကျသွားသည်။ ခေါက်လဲသွားတဲ့ ခြေထောက်နှင့် ပွန်းပဲ့ဒဏ်ရာတွေကြောင့် Minho ပြန်ပင် မထနိုင်ပါ။ ပွန်းပဲ့ရာတွေအတွက် သည်နေ့မှ ဘောင်းဘီတိုဝတ်လာမိတဲ့ သူ့ကိုယ်သူလည်း အပြစ်တင်ရဦးမည်။
"အဆင်ပြေရဲ့လား။ မဟုတ်ဘူး။ ဘယ်ပြေပါ့မလဲ။ ကားနဲ့စက်ဘီး တိုက်မိတာကြီးကို။"
Minho မယ် စိတ်ဆိုးရခက် ရယ်ရခက်။
အစကတော့ ပြသနာရှာပစ်ဖို့ တွေးခဲ့ပေမဲ့ ယခုတော့ သူ့ကိုပင် တဖန် ပြန်ချွေးသိပ်ရမယ့်ပုံပေါ်သည်။"ကိုယ့်အိမ်ကို လိုက်ခဲ့ပါလား။"
တစ်ဖက်ရဲ့ကမ်းလှမ်းချက်ကြောင့် Minho ပေစောင်းစောင်း မော့ကြည့်မိသည်။ ဘယ်လိုသော ရည်ရွယ်ချက်မျိုးနှင့် သည်လို ဖိတ်ခေါ်ပါသလဲ။
"အိုး..ဆောရီးနော်၊ ကိုယ်လောသွားတယ်။ ကိုယ်က ဆေးတက္ကသိုလ်နောက်ဆုံးနှစ် လက်တွေ့ဆင်းနေတာပါ။ ဆေးခန်းသွားရင် မတော်..အမှုတွေဘာတွေ ဖြစ်မှာစိုးလို့ပါ။"
ကိုယ့်ကိုအမှုပတ်မှာ သည်လောက်တောင် ကြောက်ရလား ဆိုပြီး Minho ရန်တွေ့လိုက်ချင်ပေမဲ့ ထိုလူ့မျက်ဝန်းတွေက ကြင်နာမှု၊ စိုးရိမ်မှုတွေ အပြည့်သားရယ်။ ထို့ပြင် ၎င်းမျက်လုံးများက သူ့ဒဏ်ရာတွေထံ ပြေးလွှားဆော့ကစားနေသည်။
YOU ARE READING
Strawberries And Cigarettes • 황승
FanfictionWherein, cigarettes taste like strawberries . - Written in Burmese