Zawgyi
မိုးရွာတာကို လူတွေဟာ ဘာလို့များ မနှစ်မြို့ကြသလဲ Min ဖြင့် နားမလည်ပါ။ မိုးရွာတဲ့နေ့ဟာ ဘယ်လောက်အေးချမ်းလိုက်သလဲ။
စည်းချက်ကျတဲ့ မိုးကျသံတွေဟာ သူ့အတွက်တော့ စိတ်ငြိမ်စေတဲ့ တေးသံတွေလိုပါပဲ။ ပြတင်းပေါက်ကို လာပက်စင်တဲ့ မိုးပြောက်လေးတွေဟာလည်း ဘယ်လောက်လှလိုက်သလဲ။
ပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ကို စူးစမ်းမိတဲ့အခါများမှာဆို မိုးနံ့ပါတဲ့ လေညင်းအေးတွေ ပါးပြင်ကို လာရိုက်ခတ်တာမျိုးကို သူ သိပ်သဘောကျပါတယ်။ လက်ဆန့်လိုက်ချိန်မှာ လက်ဖဝါးပေါ် ကျလာတဲ့ မိုးစက်တွေဟာလည်း နှစ်ခြိုက်စရာတွေချည်းပဲ။
လွတ်လပ်စွာ ငိုရှိုက်နေကြတဲ့ မိုးရေတွေကို Min သိပ်သဘောကျသလို သိပ်လည်း အားကျရပါသည်။
လေတွေအရမ်းအေးလာတဲ့အခါ ပြတင်းပေါက်ကို ပြန်ပိတ်ဖို့ Min ကြိုးစားလိုက်သည်။ သို့ပေမဲ့ လိုက်ကာကို မပိတ်ဆွဲလိုက်ရခင်မှာ ခြံရှေ့က ပုံရိပ်တစ်ခုကို သတိထားမိခဲ့သည်။
မျက်မှောင်တို့ကို အနည်းငယ်မျှ ကြုတ်လိုက်ရင်း စူးစိုက်ကြည့်မိတော့ ပုံရိပ်ရှင် Hyungsik ဟာ သူ(မ)အား လက်ယတ်ခေါ်နေသည်။
Min အိမ်ပေါ်မှ ခပ်မြန်မြန်ပဲ ပြေးဆင်းသွားခဲ့သည်။ Hyungsik ရဲ့ ခေါ်ယူမှုကို လိုက်လျောခြင်း မဟုတ်ဘဲ မိုးရေတွေရွှဲနေတဲ့ Hyungsik ကို စိုးရိမ်မိလို့ဖြစ်သည်။
"မိုးရေတွေထဲမှာ ဘာလုပ်နေတာလဲ Hyungsik?"
"စိတ်ပူနေတာလား ?"
စိုးရိမ်စိတ်များဟာ ချက်ချင်းအငွေ့ပျံသွားခဲ့သည်။ ခပ်ချဉ်ချဉ်အပြုံးနဲ့ ဒီငနာဟာ ဘယ်လောက်မုန်းစရာကောင်းလိုက်သလဲ။ နည်းနည်းမှ မျက်နှာသာပေးလို့ မရအောင်ပဲ။
"နင်ဟာလေ စိတ်ပူလို့ကို မရဘူး။ တော်ပြီ။ နင့်ဘာသာနင် အပြင်မှာ နေကျန်ရစ်ခဲ့တော့။ ငါသွားတော့မယ်။"
စုံရပ်ထားတဲ့ခြေအစုံကို နောက်ပြန်လှည့်ရင်း ခြံထဲပြန်ဝင်ဖို့ ပြင်လိုက်ပေမဲ့ Hyungsik ဟာ သူ့လက်ကို ပြန်ဆွဲလှည့်တဲ့အခါ Min ခြေလှမ်းတွေ ယိုင်သွားခဲ့သလို ကိုင်ဆောင်ထားတဲ့ ထီးဝါလေးဟာလည်း လွတ်ကျသွားခဲ့သည်။ ပက်လက်ဖြစ်သွားတဲ့ မြေပြင်ပေါ်မှထီးဝါလေးဟာ စက္ကန့်ပိုင်းအတွင်း မိုးရေတွေဖြင့် ရွှဲစိုသွားခဲ့သည်။
YOU ARE READING
Strawberries And Cigarettes • 황승
FanfictionWherein, cigarettes taste like strawberries . - Written in Burmese