11.

355 56 3
                                    

Zawgyi

ဆေးရုံအခန်းတံခါးကို ခပ်ဖွဖွတွန်းဖွင့်လိုက်တော့ Min သည် ဆေးသွင်းလျက် အိပ်ပျော်နေသည်။ ကုတင်ဘေးသို့ ခုံဆွဲထိုင်လိုက်ပြီး Seungmin သူ(မ)လက်ကို ညင်သာစွာ ဆုပ်ကိုင်မိသည်။

ခပ်အေးအေးအထိအတွေ့ကြောင့် နိုးသွားရသည် ထင်။ မျက်လုံးရွဲလေးများက ဝိုင်းစက်လျက် သူ့ကိုငေးလာသည်။

"ဟင်..ကိုကို ရောက်လာတာလား။"

"အင်း။ Min ကို ဆေးရုံတင်လိုက်ရတယ်လို့ အဖေဖုန်းဆက်တာနဲ့ စာမေးပွဲပြီးပြီးချင်း လိုက်လာတာ"

Min နှုတ်ခမ်းထောင့်လေးများ မသိမသာကွေးသွားခဲ့သည်။ အခုထိ သူဟာ Seungmin ရဲ့ ဦးစားပေး ဖြစ်နေတုန်းပါပဲ။ အပြစ်ရှိသလို လိပ်ပြာမလုံမှုတွေက ဒီလို ဂရုစိုက်ခံရတဲ့အခါ မြူမှုန်တွေလို လွင့်သွားခဲ့သည်။ ၎င်းအစား ပိုင်ဆိုင်ချင်တဲ့ အတ္တလေးက တိုးကာဝင်ရောက်သည်။

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှပေါ့ ကလေးမရဲ့။ ပြောတော့ လူကြီးဖြစ်ပြီဆို။ အခုကျတော့လည်း အနားမှာလူမရှိတာနဲ့ နေမကောင်းဖြစ်​ရော။"

"Min က ဂရုမစိုက်တာ မဟုတ်ပါဘူးနော်။ ရာသီဥတုကြောင့် ဖြစ်ရတာပါ" နှုတ်ခမ်းဆူရင်း ပြန်ချေပတော့ Seungmin က မိမိခေါင်းကို အသာခေါက်သည်။

"ဘာကို ရာသီဥတုကို လွှဲချနေတာလဲ။ ကိုရီးယားမှာဆို ပို​တောင် ​အေးသေးတာကို"

အလိမ်ပေါ်သွားတဲ့အခါ လက်သည်းဝှက်လိုက်တဲ့ ကြောင်လေးပမာ Min ဝပ်ကျသွားသည်။ ကလေးလေးကိုမှ တကယ့်ကလေးလေးရယ်ပါ။ ဒါနဲ့များ ဘာကြောင့်
အရောင်ဆိုးချင်နေရပါသလဲ။

"ဒါနဲ့ ကိုကို ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲဟင်"

ပြန်တွေ့ရုံရှိသေး။ ခွဲရမယ့်အကြောင်း မေးနေပြီလို့ ပြောရင်လည်း ခံရမည်ပင်။ ဒါပေမဲ့ ကိုကိုက ဖမ်းမမိတဲ့ တိမ်စိုင်လေးလေ။ ဘယ်က ဘယ်လို ရောက်လာပြီး ဘယ်အချိန်ပြန်ထွက်သွားမလဲ ကြိုမမှန်းဆနိုင်။ သံယောစဉ်တွယ်မိသူကပဲ နာကျင်ရတာပါပဲ။

"ကလေးမ နေကောင်းတဲ့အထိ ကလေးမအနား နေမှာပါ"

တစ်ပတ်လား။ တစ်လလား။
မတိကျတဲ့အဖြေကို သူဟာ ပေးပြန်ပါတယ်။

Strawberries And Cigarettes • 황승Where stories live. Discover now