3.1

210 36 7
                                    

Unicode

ခေါင်းစဥ်အကြောင်းအရာတွေက စီးပွားရေးကို ပြောင်းသွားပြီး အသီးသီးစကားပြောရင်း အလုပ်များနေသည်ကို အခွင့်ကောင်းယူကာ Seungmin ထွက်လာခဲ့လိုက်သည်။ ပျော်ရွှင်စရာ မကောင်းတော့တဲ့ မွေးနေ့ပွဲမှာ ဘာကြောင့်များ ဆက်ရှိနေရပါဦးမလဲ။

ရရာတက္ကစီတစ်စီးကို အမြန်ငှားကာ Hyunjin တို့ တိုက်ခန်းဆီ အမြန်မောင်းခိုင်းမိသည်။ ဆုတောင်းတွေကို အယုံအကြည် မရှိခဲ့သလောက် အခုတော့ Hyunjin စိတ်မဆိုးသွားဖို့ ဆုတောင်းမိပြန်သည်။

"ဟင် Seungmin.. ဒီအချိန်ကြီး ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ?" အခန်းတံခါးကို အဆက်မပြတ် ခေါက်ပြီးတဲ့နောက် တံခါးဖွင့်ပေးလာတဲ့ Minho Hyung က ဖြစ်ပုံကို သိသေးပုံ မပေါ်။

Seungmin လည်း ပြန်မဖြေနိုင်ဘဲ တိုက်ခန်းထဲကိုသာ လှမ်းကြည့်ကာ Hyunjin ကို ရှာမိသည်။

"Hyunjin ရော..."

တုန်ရီနေတဲ့အသံကို သတိထားမိပေမဲ့ Minho မေးခွန်းမထုတ်သေးဘဲ Hyunjin အခန်းကိုသာ မေးငေါ့ပြလိုက်သည်။

Seungmin လည်း တုံ့ဆိုင်းမနေဘဲ Hyunjin အိပ်ခန်းဆီ တန်းပြေးသွားမိသည်။ လော့ခ်ချထားတဲ့ တံခါးကို အကြိမ်ကြိမ် ခေါက်ကာ Hyunjin နှင့် တွေ့ဖို့ ကြိုးစားမိသည်။

"Hyunjin ငါ တောင်းပန်ပါတယ်... ငါ့ကို တံခါးလေး ဖွင့်ပေးပါကွာ"

ညကြီးညဥ့်နက်နေတာကို Seungmin ဂရုမပြုမိသလို တံခါးကို အကြိမ်ကြိမ်ထုရိုက်နေခြင်းကြောင့် နီရဲပြီး နာလာတဲ့ လက်ကိုလည်း ဂရုမစိုက်အား။ သူ့လက်တို့ထက် သူတို့နှလုံးသားက ပိုပြီး နာကျင်နေရသည်လေ။

"Hyunjin... ငါ—" အကြိမ်ပေါင်း မရေတွက်နိုင်စွာ တောင်းပန်စကားဆိုဖို့ လုပ်စဥ်မှာပဲ ပွင့်လာတဲ့တံခါးနှင့်အတူ Hyunjin ဟာ သူ့ကို မျက်နှာချင်းဆိုင်လာခဲ့သည်။

"ဘာကို လာတောင်းပန်နေတာလဲ ??"

ဒေါသတို့ဖြင့် အော်လာသည်ကိုထက် ငိုထား၍ နီရဲပြီး အစ်နေတဲ့ မျက်လုံးများကိုသာ Seungmin ပိုဂရုစိုက်မိသည်။ သူ့ကြောင့် နာကျင်ပြီး ငိုခဲ့ရတဲ့ချစ်သူကို ပွေ့ဖက်မိပါသော်လည်း Hyunjin ဟာ သူ့ကို တွန်းထုတ်လာခဲ့သည်။

Strawberries And Cigarettes • 황승Where stories live. Discover now