2.8

260 31 4
                                    

Unicode

ယနေ့ ရာသီဥတု အနည်းငယ် မှိုင်းနေသည်။

နေရောင်ခြည်ကို ကောင်းစွာ မရ၍ ထင်သည်။
စိုက်ထားသော နေကြာလေးမှာ ညှိုးလျနေသည်။

မလန်းဆန်းတဲ့ ပွင့်ချပ်တို့သည် စိတ်နှင့် ဆက်စပ်နေပုံ ရ၏ ။
Hyunjin မျက်နှာသည်လည်း မပြုံးရွှင်နိုင်ပေ။

ယနေ့ မိုးရွာနိုင်ချေ ရှိကြောင်း တင်ဆက်နေသည့် သတင်းကို ပိတ်လိုက်ပြီးနောက် Hyunjin ကျောင်းသွားရန် ထွက်လာလိုက်သည်။

ယနေ့ ဘာကြောင့် စိတ်တွေ လေးနေရပါသလဲ။

×××

စကားပြောသံတို့ကြောင့် Min အောက်ထပ်သို့ ဆင်းလာလိုက်သည်။ မမျှော်လင့်သော ဧည့်သည်.... ဒါမှမဟုတ် အိမ်ရှင်ဟု ဆိုရမည့်သူကို တွေ့လိုက်ရတဲ့အခါ သူငယ်အိမ်လေး အနည်းငယ် ကျယ်သွားရသည်။

"အန်ကယ်လ် ပြန်ရောက်နေတာလား "

"ဟုတ်တယ် သမီး ။ မနက်ကတင် ပြန်ရောက်လို့ အိတ်တွေ အိမ်ပို့ခိုင်းထားပြီး ဒီကို တန်းလာလိုက်တာ။"

ဖြေကြားရင်း ပြုံးပြလာတဲ့ အန်ကယ်လ်ဟာ ကိုကို့ အပြုံးတွေရဲ့ အမွေရှင်လို့ သံသယဖြစ်စရာမရှိ။ ထပ်တူကျလွန်းသည်။

အလိုက်သိစွာပဲ Min အန်ကယ်လ်ရဲ့ မျက်စောင်းထိုးမှာ ဝင်ထိုင်လိုက်သည်။ အန်ကယ်လ်သည် အန်တီကြီးကို တစ်ချက်မျှ ​ကြည့်ပြီးနောက် သူ့အား ကြည့်ကာ ဆိုလာသည်။

"Min လည်း ၁၈ ပြည့်ပြီဆိုတော့ သားနဲ့ လက်ထပ်ဖို့ကို ဒီနှစ်ထဲ စီစဥ်လိုက်ကြစို့လား။"

အတန်ကြာအောင် ခေါင်းငုံ့ထားရာမှ Min အန်ကယ့်လ်အား မော့ကြည့်မိသည်။

လက်ထပ်ဖို့... ?
တကယ်ဆို သူ ပျော်သွားသင့်ပေမဲ့ ဘာလို့များ နှလုံးသားဟာ ဆုပ်ကိုင်ခံလိုက်ရသလို ကြပ်နေရပါသလဲ။

"လက်ထပ်ဖို့က ဖြစ်ပါ့မလား အန်ကယ်လ်.... ကိုကိုက..."

နာကျင်ပါသည်။ ဆက်ပြောရန် စကားလုံးများက လည်ပင်းမှာ တစ်ဆို့နေသည်။ အဲ့ဒီအစား မျက်ရည်တွေအဖြစ် တာဆူနေသည်။

Strawberries And Cigarettes • 황승Tempat cerita menjadi hidup. Temukan sekarang