18

355 52 9
                                    

Zawgyi

"Hyunjin !"

Seungmin လှမ်းခေါ်လိုက်ပေမဲ့ Hyunjin က ထွက်သွားနှင့်ပြီဖြစ်သည်။

ပိုက်ထားတဲ့စာအုပ်တွေကို ပိုတင်းကြပ်စွာ ဖက်လိုက်ရင်း သက်ပြင်းတစ်ချက်ချမိသည်။ အရင်လို သူတို့ တပူးပူးတတွဲတွဲ မရှိဖြစ်တာ တစ်ပတ်ကျော်ပြီပင်။

အဲ့ဒီနေ့က စာကြည့်တိုက်က ကိစ္စကြောင့် နှစ်ယောက်ကြား အနေခက်သွားတာမျိုး မဟုတ်ဘဲ နောက်အပတ်ထဲလုပ်မယ့် prom ကြောင့် ဖြစ်သည်။

ပွဲအတွက် စီနီယာတွေနှင့်အတူ ဝိုင်းကူပေးနေရတဲ့ Hyunjin ဟာ ကျောင်းသားခေါင်းဆောင်လို့ တရားဝင် အမည်မတပ်ရုံသာ ကျန်တော့သည်။

မနက်ဆို စောစောသွားရပြီး၊ ညနေဆိုလည်း စီနီယာတွေနှင့် နေရစ်ခဲ့ရသည်မို့ အတူတူ ကျောင်းသွားကျောင်းပြန်လည်း မလုပ်ဖြစ်ကြတော့။

"ဘာဖြစ်လာတာလဲ ?"
ဘေးမှာဝင်ထိုင်တဲ့ Seungmin ဟာ မျက်နှာမရွှင်မပျနှင့်မလို့ Felix စိတ်ပူပြီး မေးလိုက်သည်။

ခေါင်းခါပြလာပေမဲ့ Seungmin တစ်ခုခု ဖြစ်နေမှန်းကို Felix သိပါသည်။ အစားအသောက်ကို တစ်ချက်မျှမထိသလို ငေးငိုင်နေခြင်းက တစ်စုံတစ်ရာမှားယွင်းနေကြောင်း ဖော်ပြသည်လေ။

"Seungmin ဒီည ငါနဲ့ အပြင်သွားကြမလား ? ငါ့ချစ်သူနဲ့လည်း မိတ်ဆက်ပေးချင်လို့။"

စိတ်ပြေလက်ပျောက်ဖြစ်ချင်သည်မို့ Seungmin ခေါင်းညိတ်လက်ခံလိုက်သည်။

Felix ခဏခဏပြောဖူးတဲ့ ချစ်သူကိုလည်း တွေ့ချင်ပါသည်။
သူ့ချစ်သူအကြောင်းပြောတိုင်း ပြုံးနေတတ်တဲ့ Felix အတွက် အဲ့ဒီလူက ဘယ်လိုချစ်ခြင်းမေတ္တာမျိုးကို ကမ်းလှမ်းသလဲ သူသိချင်သည်။ နှစ်ယောက်သားရဲ့ ချစ်သူရည်းစားပက်သက်မှုကို ဘယ်အရာတွေနဲ့ တည်ဆောက်ထားသလဲ သိချင်သည်။

ပျင်းရိစရာကောင်းတဲ့ တစ်နေ့တာက သာမန်ထက်တော့ ပိုရှည်ကြာသည်။ နာရီဒိုင်ခွက်​က လက်တံတွေက တစ်ချက်ရွေ့ဖို့အရေး အချိန်သိပ်ယူလွန်းသည်။

မည်သို့ပင်ဆိုစေကာမူ အချိန်တစ်ခုကြာမြင့်သော် တစ်နေ့တာရဲ့ စာသင်ချိန်ဟာ ကုန်ဆုံးသွားခဲ့ပါသည်။

Strawberries And Cigarettes • 황승Where stories live. Discover now