3.4

260 30 8
                                    

Unicode

"ငါ့မင်္ဂလာပွဲ လာမယ်မလား?"

Facetime call မှ မြင်နေရတဲ့ Hyungsik ရဲ့ မျက်နှာလေးဟာ မသိမသာ ညှိုးငယ်သွားသည်။

မိန်းကလေးတွေက မင်္ဂလာဆောင်တဲ့အချိန် အလှဆုံးတဲ့။
အဖြူရောင် သတို့သမီးဝတ်စုံလေးနဲ့ Min ဟာ အလှကြီး လှနေမှာကို Hyungsik မြင်ယောင်နိုင်သလို၊ သတို့သားက သူ မဟုတ်တာကိုလည်း သတိရပါတယ်။

အဲ့ဒီလို ကိုယ့်အချစ်ဆုံးမိန်းကလေးက သူချစ်တဲ့လူနဲ့အတူ အလှဆုံးဖြစ်နေမယ့်နေ့ကို လာမှာလား တဲ့။

မေးရက်လိုက်တာ..
ခေါ်ရက်လိုက်တာ..  လို့ သူ မပြောရက်ခဲ့ပါ။

"အင်း၊ လာရမှာပေါ့။"

ချစ်ခြင်းမေတ္တာဟာ ထူးဆန်းပါတယ်။
အရှုံးပေးခြင်းတွေနဲ့ အနားသတ်ထားပုံ ရတယ်။

ကိုယ်တိုင်နာကျင်ရတာကိုကျ လျစ်လျူရှုထားပြီး
သူမျက်နှာညှိုးနေတာကိုတော့ စိတ်ပူမိပါသည်တဲ့။

"သတို့သမီးလောင်းလေးက ဘာလို့ မပျော်ဘဲ မျက်နှာညှိုးနေတာလဲ ?"

သူ့ရဲ့နာကျင်မှုကို မေးခွန်းထုတ်တဲ့ ကိုယ်ကိုယ်တိုင်လည်း နာကျင်ရပါတယ်။

သတို့သမီးလောင်းလေး ဆိုတဲ့ ရွေးချယ်မိတဲ့ အခေါ်အဝေါ်က
သူမဟာ ကိုယ့်အပိုင် မဟုတ်ကြောင်း အဖန်ဖန် သတိရစေတယ်။

"ဒီလိုပါပဲ။ ဒါနဲ့ နင်ငါ့ကို ချစ်တယ်ဆိုပြီး ဘာလို့ လက်လွှတ်ခဲ့တာလဲ Sik..?"

Hyungsik ရိုးသားစွာ ပြုံးမိပါတယ်။
ဒီမေးခွန်းကို သူ ဘယ်လောက်များ ဖြေချင်ခဲ့သလဲ။

"ငါက နင့်ကို သေလောက်အောင် ​ချစ်ပေမဲ့ နင်ကတော့ ငါ့ကို မချစ်တာမလို့လေ"

Min ဟာ ဘာမှ တုံ့ပြန်မလာပါဘူး။
သနားတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတာက လွဲလို့ပေါ့။

"အဲ့ဒါထက် နင်က အခြားတစ်ယောက်ကို ချစ်နေလို့။ အင်း.. ငါ မဟုတ်တဲ့ အခြားတစ်ယောက်ကို ချစ်နေတာမလို့။"

နှလုံးသားဟာ တစ်စတစ်စ နင့်လာရပေမဲ့ Hyungsik ဆက်ပြောမိပါတယ်။

"နင်က ငါ မဟုတ်ဘဲ သူ့အနားမှာ နေချင်ခဲ့တာမလို့။ ငါ့ဆီက မဟုတ်ဘဲ​ သူ့ဆီကပဲ ဂရုစိုက်ခံချင်တာမလို့။ အဲ့ဒါကြောင့်... လက်လွှတ်လိုက်တယ် ဆိုတာထက် နင်ပိုပျော်မယ့်ဆီကို သွားခွင့် ပေးလိုက်တာ Min"

Strawberries And Cigarettes • 황승Where stories live. Discover now