20

430 42 1
                                    

Zawgyi

တနင်္လာနေ့တွေဟာ အကျည်းတန်ပေမဲ့ ဒီနေ့တော့ အနည်းငယ် လှပနေသယောင်ပင်။ မနက်စောစောနှင့် မလိုက်ဖက်စွာ သာနေတဲ့ နေမင်းဟာ တစ်ပတ်တာကိုစတင်ဖို့အတွက် အနှောင့်အယှက် ဖြစ်နေပါသော်လည်း အကောင်းဘက်ကမြင်ကြည့်လျှင် ဒါဟာ သာယာတဲ့နေ့တစ်နေ့ကို ဦးကြိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နောက်ပြီး နေရောင်ပြင်းက ယှဉ်တွဲနေတဲ့ အရိပ်နှစ်ခုကိုလည်း သေချာကွန့်မြူးစေပါသည်။

နံနက်ခင်းရဲ့လေညင်းတွေဟာလည်း ခပ်တိုးတိုးကိုမှ တကယ်ကို ညင်းတိုးတိုးလေး တိုက်ခတ်နေကြသည်။ အနေခက်တဲ့လေထုကို မနှောင့်ယှက်လို၍ပဲလား၊ ဒါမှမဟုတ် နှစ်ယောက်ကြား ကြားမဝင်လို၍ပဲလား။

ယှဉ်တူနေတဲ့ခြေလှမ်းများ ရပ်တန့်သွားချိန်မှာ သူတို့ ဘတ်စ်ကားမှတ်တိုင်ကို ရောက်သွားကြပြီပင်။ လတ်ဆတ်တဲ့ ချစ်ခြင်းတစ်ခုကို ဘရိတ်ပေါက်နေတဲ့စက်ဘီးကြောင့် သေဆုံးခြင်းမှာ ဘူတာမဆိုက်စေလိုတဲ့အခါ ဒီနေ့လည်း ဘတ်စ်ကားစီးဖို့သာ ရွေးမိသည်။

ကံဆိုးခြင်းအလားတူ၊ ကံကောင်းခြင်းဟာလည်း အဖော်အပေါင်းနှင့် လာသည် ထင်ပါရဲ့။ နှစ်ယောက်တွဲထိုင်ခုံသည် သူတို့အတွက် အလိုက်သင့်လေး လွတ်နေခဲ့သည်။ ဒါနဲ့ပဲ ဒုတိယမြောက်အတွေးကို မတွေးဘဲ ဝင်ထိုင်လိုက်ကြသည်။

ဆံပင်ရှည်တွေကို လေတိုးတာကို နှစ်သက်ပေမဲ့ ဒီနေ့တော့ Hyunjin ပြတင်းပေါက်ကို မဖွင့်ဖြစ်ပါ။ မည်သို့သော အေးစက်မှုမျိုးကိုမှ သူတို့ကြားထဲ အဝင်မခံနိုင်ပေ။

အနေခက်ဆဲ​လေထုကို ဘယ်သူ့မှ စကားမခွင်းမိကြ။ အဲ့ဒီအစား အကြံတစ်ခုဟာ Hyunjin အတွေးတို့ထံ ခရီးပေါက်လာသည်။

နားကြပ်စုံကိုထုတ်ပြီး သူတစ်ဖက်၊ Seungmin ကိုတစ်ဖက် တပ်ပေးလိုက်သည်။ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် Seungmin လှည့်ကြည့်လာပေမဲ့ စူးစမ်းသောမျက်ဝန်းများက သီချင်းသံကိုကြားတဲ့အခါ နှစ်သက်ကြောင်းဖော်ပြသော မျက်ဝန်းများအဖြစ် ကူးပြောင်းသွားခဲ့သည်။

Strawberries And Cigarettes • 황승Where stories live. Discover now