2

559 73 1
                                    

Zawgyi

လအနည်းငယ်ကြာအောင် ခြောက်သွေ့နေတဲ့ ကျောင်းဝန်းက ဒီနေ့တော့ တီးတိုးသံတွေ ၊ ခြေသံတွေနှင့် အသက်ဝင်လျက် ရှိသည်။

အထက်တန်းနောက်ဆုံးနှစ် တန်းခွဲများကြေညာပြီဖြစ်သည်။ အခန်း ၁ ရတဲ့ ကျောင်းသားများက ပျော်ရွှင်နေကြပြီး အခန်း ၂ နဲ့ အခန်း ၃ သမားများက မျက်နှာမကောင်းပါ။ အခန်း ၄ ကျသူများကတော့ အထူးတလည်တုံ့ပြန်မနေ။ အချို့ဆို လာပင်မကြည့်။

တစ်နှစ်ပြီးတစ်နှစ် ကျန်တဲ့အခန်းတွေသာ ကျောင်းသားတွေ ပြောင်းတယ်။ အခန်း ၄ ကတော့ အခန်းနေရာနှင့် စာသင်နှစ်သာ ပြောင်းသွားသည်။ လူတော့ ပြောင်းသည်ဟူ၍ မရှိခဲ့ပါ။

ဒီနှစ်လည်း Hyunjin အခန်း ၄ နာမည်စာရင်းကိုသာ ကြည့်မည်ဖြစ်သည်။ နှစ်တိုင်း အထူးတလည်မရှိပေမဲ့ ဒီနှစ်တော့ အနည်းငယ်ထူးဆန်းသည်။

ဘယ်သူမှ စိတ်မဝင်စားကြတဲ့ အခန်း ၄ နာမည်စာရင်းရှေ့မှာ စာတော်တဲ့ကျောင်းသားတွေပါ ရပ်နေကြသည်။

'Kim Seungmin အခန်း ၄ ရောက်သွားတယ် ?'
'မဖြစ်နိုင်တာပဲ သူက စည်းကမ်းရေးမှူးရဲ့ တူ  မဟုတ်လား ?'
'သူ့အဖေကတော့ ဘာမှမလုပ်ဘူးလား ?'
'သူ့အဒေါ်ရော သိရဲ့လား ?'

အစရှိသဖြင့် အတင်းအဖျင်းပြောသံများကလည်း ကွက်ကြားကွက်ကြား။

Hyunjin နာမည်စာရင်းကို ဦးစွာကြည့်လိုက်သည်။ ထင်ထားသလိုပဲ၊ သူ့နာမည်က စာရင်းထိပ်ဆုံးမှာရှိသည်။ ဒါပေမဲ့ သူ့နာမည်အောက်က 'Kim Seungmin' ဆိုတဲ့ နာမည်တစ်ခုကလည်း ထူးဆန်းစွာ ပါရှိနေသည်။

သာမန်ကျောင်းသားတစ်ယောက် အခန်းကျသွားတာ ထူးဆန်းသလားဆိုရင် မထူးဆန်းပါ။ သို့ပေမဲ့ ထူးဆန်းတာက သာမန်ကျောင်းသားမဟုတ်ဘဲ Kim Seungmin ဖြစ်နေလို့ပင်။

Seungmin ကို Hyunjin လူချင်းမတွေ့ဖူးသေးပေမဲ့ နာမည်တော့ ရင်းနှီးနေတာကြာပြီဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးမှူးရဲ့ တူ တစ်ဖြစ်လဲ Seungmin ဟာ ကျောင်းမှာဆို privilege ကောင်းကောင်းရှိသူဖြစ်သည်။ ကျောင်းသားမိဘတွေကြား ပြန့်နှံ့နေတဲ့ သတင်းတွေအရဆို အဖေဖြစ်သူကပါ အာဏာရှိသူတစ်ဦးဟု သိရသေးသည်။

Strawberries And Cigarettes • 황승Where stories live. Discover now