2.3

281 36 6
                                    

Zawgyi

ကျောင်းပိတ်ရက်တွေက မြန်မြန်ပဲ ကုန်လွန်သွားခဲ့ပြီး ပရဝဏ်တွင်း၌ ခြေလှမ်းတို့ တဖန်ပြန်ရှုပ်လာခဲ့သည်။ ဒုတိယနှစ်ရဲ့ နေ့ရက်တွေကိုတော့ ချစ်သူတွေအဖြစ် သူတို့အတူတူ ကျော်ဖြတ်ကြရသည်မို့ ယခင်နှစ်ကလို ကျောင်းဖွင့်ရက်တွေကို မနှစ်မြို့ခြင်းမျိုးတော့ မရှိပါ။

ခေါင်မိုးထပ်တွေပြီးရင် သူတို့ ဒုတိယမြောက် အချိန်အကုန်ဖြစ်ဆုံး နေရာက စာကြည့်တိုက်မှာ ဖြစ်သည်။ သို့ပေမဲ့ စာအုပ်ဖတ်ဖို့ မဟုတ်ပါဘဲ တိတ်ဆိတ်လူရှင်းတဲ့ စာအုပ်စင်တွေကြား နှစ်ယောက်အတူရှိချင်ရုံသာ ဖြစ်သည်။

စာအုပ်စင်တွေရဲ့အခြေ ကြမ်းပြင်ထက်မှာ ယှဉ်ထိုင်ပြီး ရုပ်ပြကာတွန်းတွေကို အတူဖတ်ကြသည်။ နားကြပ်တစ်ခုကို တစ်ယောက်တစ်ဖက်စီ တပ်ပြီး သီချင်းချိုချိုလေးတွေကို နားထောင်ကြသည်။ တခါတရံ တစ်ဦးအပေါ် တစ်ဦးမှီပြီး အိပ်ပျော်သွားတတ်တဲ့ အခါမျိုးလည်း ရှိသည်။

တခါတလေသော အခိုက်အတန့်များမှာတော့ စာအုပ်စင်တွေကို သက်သေထားပြီး အနမ်းတိုလေးများကို ခိုး​ခြွေမိကြပါသည်။

ဒီနေ့လည်း မည်သူမှ မစွက်ဖက်နိုင်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်မြောက်ရာလေးမှာ သူတို့ အချိန်ကုန်ဖြစ်ကြသည်။

ကာတွန်းစာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်နေတဲ့ Seungmin ကို ကြည့်ရင်း Hyunjin စိတ်ထဲ အလိုမကျ ဖြစ်မိသည်။

သူ့ချစ်သူဟာ စာအုပ်တွေကို သူ့ထက်ပိုပြီး အာရုံစိုက်နေတာ မဖြစ်သင့်ဘူးမလား။ သူ့လို ချစ်သူချောချောလေးထက် ရုပ်ပြကာတွန်းစာအုပ်က ဘယ်နေရာများ စိတ်ဝင်စားစရာ ပိုကောင်းနေလို့လဲ။

ထို့ကြောင့် နှောင့်ယှက်ချင်တဲ့ အကြံဆိုးလေးက သူ့ဦးနှောက်ထဲ ပေါ်လာခဲ့သည်။ နှုတ်ခမ်းသားတစ်ဖက်သည် ညစ်ကျယ်ကျယ် ကွေးတက်သွားခဲ့ပြီးနောက် Seungmin လက်ထဲမှ စာအုပ်ကို လုယူကာ Hyunjin ထွက်ပြေးသွားလိုက်သည်။

စာကြည့်တိုက်မှူး မရှိတဲ့ အခုလို အချိန်မျိုးမှာ မဆူညံဖို့ စာကြည့်တိုက်ရဲ့ ပညတ်ချက်စည်းကမ်းတွေက သူတို့အတွက် ဘောင်မဝင်တော့ပါ။

Strawberries And Cigarettes • 황승Where stories live. Discover now