3.3

231 32 3
                                    

Unicode

အန်တီကြီးရဲ့ ခေါ်သံကြောင့် အောက်ထပ်ကို ဆင်းလာတဲ့အခါ ကိုကိုဟာ ဧည့်ခန်းထဲမှာ ရှိနေခဲ့သည်။ စေ့စပ်ပွဲညကတည်းက ရှောင်နေခဲ့တဲ့ ကိုကိုကလေ အခုတော့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်နေပါသတဲ့။

"Min ဒီမြာ Seungmin က မင်္ဂလာဝတ်စုံသွားကြည့်ဖို့ လာခေါ်တာတဲ့"

အန်တီ့ရဲ့စကားကို မယုံနိုင်စွာ ကိုကို့ကို ကြည့်မိတော့ ကိိုကိုဟာ မငြင်းဘဲ ငြိမ်နေသည်။ သို့ပေမဲ့ ကိုကို့မျက်ဝန်းတွေက စိတ်မပါတာကိုတော့ Min သိပ်သိတာပေါ့။

"အခုထိ ဝတ်စုံသွားမကြည့်ရသေးဘူး ကြားလို့ ဒီနေ့ အားတုန်းလေး သွားကြည့်ကြမလားလို့လေ"

ကိုကို့ရဲ့စကားကို Min ခိုးပြုံးမိပါတယ်။

ကြိုအပ်ရတဲ့ မင်္ဂလာဝတ်စုံအတွက် ဘာမှ  မပြင်ထားလို့ ကိုကိုက အံ့သြသွားခဲ့ရတယ် ထင်ပါရဲ့။

ကိုကို သိလား။
ကိုကို့ခွင့်ပြုချက် မရှိဘဲ Min ဟာ ဒီမင်္ဂလာပွဲအတွက် ဘာမှ ပြင်ဆင်မှာ မဟုတ်ဘူး ဆိုတာကိုလေ။

ကိုကိုတစ်ယောက်တည်း မဟုတ်ဘဲ
Min လည်း ဒီမင်္ဂလာပွဲကို စိတ်မပါပါဘူး ကိုကိုရာ။

ဒါပေမဲ့ ကိုကိုက​တော့ ဘယ်သိပါ့မလဲ။
အဲ့ဒီအစား Min က စေ့စပ်ပွဲကို စီစဉ်ခဲ့တာလို့တောင် အထင်လွဲရင် လွဲနေဦးမှာ။

ဒါကြောင့်ပဲ ဝတ်စုံသွားကြည့်ဖို့ သွားတဲ့လမ်းမှာ ကိုကို့ဘက်က ဘာစကားမှ မစတာမလား။

ဝန်ထမ်းလေးတွေက ဘယ်လိုပုံစံ သဘောကျသလဲ မေးတာကိုတောင် ကိုကိုဟာ ဝင်မဖြေပါဘူး။ ယုတ်စွအဆုံး၊ ကိုကိုဟာ တာဝန်အရ ခေါင်းညိတ်ပြတာထက် မပိုခဲ့ဘူး။

အနေ ဝန်ထမ်းအချို့ တီးတိုးသံများကို ကြားရချိန် Min နှလုံးသားဟာ ကျိုးကြေမတတ်ပဲ။

သတို့သားက သတို့သမီးကို ဂရုစိုက်ပုံလည်း မပေါ်ဘူးတဲ့လေ။

"ဒီပုံစံလေး ကြည့်ကြည့်ရအောင်"

အဖြူရောင် ကျောပြောင် ဂါဝန်ရှည်လေးအား ရွေးလိုက်သည်။ ဂါဝန်တိုထက် အရှည်ကို ကိုကို ပိုကြိုက်တာကို Min သိသလို အဖြူရောင်တွေကို ခုံမင်ကြောင်းလည်း သိပ်သိတာပေါ့။

Strawberries And Cigarettes • 황승Where stories live. Discover now