13

302 57 0
                                    

Zawgyi

"အချစ်ဆိုတာကို ဘယ်လိုမြင်လဲ ကိုကို ?"

Min ရဲ့ မေးခွန်းမှာ Seungmin သည် သူ(မ)အား စက္ကန့်မျှ လှည့်ကြည့်သည်။

လွန်ခဲ့သောခုနှစ်များတုန်းက ဘာအရုပ်လေးလိုချင်တယ်၊ ဘယ်ကာတွန်းကားကောင်းတယ်၊ ဘာမုန့်စားချင်တယ် အစရှိသဖြင့် တိုင်ပင်ပူဆာခဲ့ဖူးတဲ့ Min က အခု သူ့ကို အချစ်အကြောင်း မေးနေပြီ။ တကယ်ကိုပဲ ဒီနှစ်တွေအတွင်းမှာ သူတို့ ဒီလောက်အထိ အရွယ်ရောက်လာခဲ့ကြတာလား။

"ချစ်ခြင်းမေတ္တာက စတော်ဘယ်ရီလို ချိုမြိန်တယ်၊ နှစ်လိုဖွယ် ကောင်းတယ်၊ နောက်ပြီး စီးကရက်တွေလို စွဲလန်းစရာ ကောင်းတယ်၊ ဘေးထွက်ဆိုးကျိုး​တွေရှိ​နေတာ​တောင် နာကျင်ရမယ်ဆိုရင်တောင် မငြင်းဆန်နိုင်တဲ့ စိတ္တဇနာမ်တစ်ခုပေါ့။"

စိတ္တဇနာမ်တစ်ခုကို အဓိပ္ပါယ်ဖွဲ့ပြရင်း Seungmin စိတ်ထဲမှာတော့ ပုံရိပ်တစ်ခုကို ပုံဖော်နေသည်။

ဥပမာပေးရမယ့် သူ့အချစ်ကတော့
ရွှေ​ရောင်ဆံပင်ရှည်တွေ ရှိတယ်၊
ဆေးလိပ်သောက်တတ်တဲ့ နှုတ်ခမ်းညိုညိုတွေမယ်၊
စတော်ဘယ်ရီ ကိုယ်သင်းနံ့လေးရယ်ဖြင့်။

ဘေးလူဖြစ်တဲ့ Min ဟာ သူ့ကို ငေးနေသည်ကိုပင် သူ မသိ။

Min ရဲ့ နှုတ်ခမ်းထူထူလေးတွေက အလိုမကျစွာ အောက်သို့ ငိုက်ကျသွားသည်။

မေပယ်ပင်အောက်မှာ ထိုင်ရင်း မေပယ်ရွက်ကြွေတွေကို ငေးနေပေမဲ့ Seungmin ဟာ ချယ်ရီပွင့်ဝေတွေနှင့် လူတစ်ယောက်ကိုပဲ မြင်နေတာ သူသိပါတယ်။

"ကိုကိုက Min အပိုင်နော်။"

ကလေးဆန်ဆန် စကားနာထိုးတော့ Seungmin က သူ့ကို လှည့်ကြည့်သည်။ ခေါင်းညိတ်လာရင်း ပြုံးလာပေမဲ့ ဒါဟာ အသိအမှတ်ပြုတာတစ်ခုထက် မပိုခဲ့ပါဘူး။ လိုလိုလားလား ခွင့်ပြုခြင်းတွေ မပါရှိနေဘူး။

"အင်းပါ။ ကိုကို သိပါတယ်။"

သူနှင့်အတူရှိတိုင်း ဖြစ်ပေါ်လာတတ်တဲ့ အသက်မပါတဲ့ အပြုံးတွေရဲ့ အကြောင်းအရင်းဟာ သူ(မ)ထံမှာများ အရင်းတည်ပါသလား။ တကယ်ကိုပဲ ကိုကို့အတွက် သူဟာ အရှုပ်ထုပ်လေး ဖြစ်နေခဲ့သလား။

Strawberries And Cigarettes • 황승Where stories live. Discover now