5.

387 60 3
                                    

Zawgyi

အပေါ့အလေးကိစ္စ ဖြေရှင်းဖို့ ရောက်လာခဲ့​ပေမဲ့ သူ့ဘေးအခန်းက ထုရိုက်သံအချို့ကို ကြားလိုက်ရသည်။ အိမ်သာနံရံတွေကို လက်သီးနဲ့ ထုနေတဲ့အသံမျိုး။ ထို့နောက် နာကျင်နေတဲ့ အသံအချို့။

Seungmin ကိစ္စပြီးသည့်တိုင် ဘေစင်မှာ လက်ဆေးရင်း မှန်မှတစ်ဆင့် ထိုအခန်းကို မျက်စိကစားနေမိသည်။

ပွင့်လာတဲ့တံခါးနှင့်အတူ ထွက်လာသူက Xiao ဖြစ်သည်။ မူမမှန်တဲ့ မျက်လုံးတွေ။ အနည်းငယ်တုန်ရီချင်နေတဲ့ လက်တွေ။

သူမြင်တာ မမှားဘူးဆိုရင် အထုပ်ဖြူလေးတစ်ထုပ်ကိုပါ လက်ဖဝါးကြား ကျစ်ကျစ်ပါအောင် ဆုပ်ထားသေးသည်။

ဘိန်းဖြူတွေလား လို့ Seungmin သံသယဖြစ်မိပေမဲ့ ကိုယ်နှင့်မဆိုင်သည်မို့ ခေါင်းခါရမ်းလိုက်သည်။

>>>

သင်္ချာချိန်မလို့ ကျောင်းသားအများစု ခေါင်းရှုပ်နေကြသည်။ အတန်းချိန်မြန်မြန်ပြီးဖို့ ဆုတောင်းနေကြသလို အချို့ကတော့ ခေါင်းချပြီးသာ အားမနာတမ်း အိပ်နေကြသည်။ ထိုအချို့ထဲ Hyunjin လည်း အပါအဝင်ဖြစ်သည်။ ပြတင်းပေါက်ဘေးမှာမလို့ ဖွင့်ထားတဲ့ပြတင်းက လေတဖြူးဖြူးကြောင့် ပိုအိပ်လို့ကောင်းနေသည်။

စာရှင်းပြနေတဲ့ ဆရာမအသံ တန့်သွားသည်။ စည်းကမ်းရေးမှူးနှင့် အခြားဆရာတို့ အတန်းထဲ ဝင်လာခြင်းကြောင့်ပင်။

စားပွဲကို ခေါက်လိုက်တော့ အိပ်နေတဲ့ ကျောင်းသားတွေပင် ခေါင်းထောင်လာကြသည်။

"အခန်း ၄ သန့်စင်ခန်းမှာ မူးယစ်ဆေးတွေ တွေ့တယ်"

စည်းကမ်းရေးမှူးရဲ့အသံက ပြတ်ပြတ်သားသားထွက်လာသည်။ ကျောင်းသားတွေကြား ဆူကုန်သည်။ ဒီဘက်အဆောင်မှာ အခန်း ၄ တစ်ခန်းသာ ရှိသည်မို့ ကျူးလွန်သူက သူတို့အခန်းထဲကဆိုတာ သေချာသည်။

"ဘယ်သူလဲဆိုတော့ မင်းတို့ဘာသာ ဝန်ခံမလား။ ဒါမှမဟုတ် လိုက်စစ်ရမလား။" ကျောင်းခန်းတစ်ခုလုံး ပွက်လောရိုက်ကုန်သည်။ ဘယ်သူမှ ထပြီးဝန်မခံကြ။

"ဝန်မခံဘူးဆိုတော့လည်း ငါကိုယ်တိုင်လိုက်စစ်တာပေါ့"

Ms Kim အနည်းငယ်လျှောကျနေသော မျက်မှန်ကို ပြန်ပင့်တင်လိုက်သည်။ ထို့နောက် သူ့မျက်လုံးတွေက တစ်စုံတစ်ယောက်ဆီ ကျရောက်သည်။

Strawberries And Cigarettes • 황승Where stories live. Discover now