1(uni&zawgyi)

95.3K 814 37
                                    

Unicode

🌿🌷မင်းသာသခင့်ရဲ့မူပိုင်🌷🌿

🌿အပိုင်း ၁🌿

🌺🌺🌺ဟောဟဲ ဟောဟဲ

မှောင်မဲနေကာ မီးအလင်းရောင်တစိုးတစိမှမရှိလေတဲ့ လမ်းလိုလိုတောလိုလို နေရာထဲပတ်ချာလှည့်ပြေးနေရင်း မုဒြာမောဟိုက်လာရသည်,
သူမဘယ်လောက်ပင်ပတ်ပြေးနေပါစေ ဒီနေရာပဲပြန်ရောက်လာရသလို စည်းဝိုင်းတစ်ခုထဲရောက်နေရသည်နှယ့်၊ဒီလိုလှည့်ပြေးနေမိတာ တစ်နာရီနီးပါးရှိနေချေပြီ၊လွတ်လမ်းဆိုတာခုထိမတွေ့သေးပါပေ၊
နန်းတော်ကြီးသဖွယ်ကြီးမားလှသည့် စံအိမ်ကြီးထဲကနေ များပြားလှတဲ့အစေခံတွေ အစောင့်ကြပ်တွေကြားကနေ သူမ မနည်းထွက်ပြေးလာရတာပြန်တော့မမိချင်ပေ၊သူမအိမ်ကိုသာပြန်ချင်သည်၊

နေမင်းသခင် သူဘာလို့သူမကိုခေါ်လာရသလဲခုထိနားမလည်၊အတိတ်ကအမှားလုပ်မိခဲ့သည်ကြောင့် ကလဲ့စားချေချင်လို့လား၊သူမအပေါ် နာနာကျည်းကျည်းကြည့်ကာ အမုန်းတွေအပြည့်စကားလုံးတွေနဲ့ ရာဇသံပေးခဲ့သည့်စကားတွေကို မုဒြာပြန်လည်ကြားယောင်လာရသည်၊

'ငါ့ကိုလှည့်စားခဲ့တာအတွက် မင်းပြန်ပေးဆပ်ရမယ်ပန်းမုဒြာ တစ်နေ့ငါပြန်လာတဲ့အခါ ငါချစ်တဲ့မိန်းမယုတ်ကိုလဲကျိန်းသေအပြစ်ပေးမယ် ငါ့နှလုံးသားနဲ့ရေးတာကိုခြေနဲ့ဖျက်တဲ့မိန်းမ ဟန်ဆောင်လိမ်ညာမူတွေနဲ့အရူးကွက်နင်းတဲ့မင်းတို့ညီမနှစ်ယောက် ငါဘယ်တော့မှခွင့်လွှတ်မပေးဘူး'

''ဟင်အင့်''

မုဒြာ ကိုယ့်နားကိုယ်ပိတ်ကာ နေရာမှာတင်ထိုင်ချလိုက်သည်၊တစ်ခါလေးပဲ တစ်ခါလေးပဲမှားခဲ့တာပါ၊ဒါကလဲ တိတ်တဆိတ်ရင်ခုန်ခဲ့ရတဲ့နှလုံးသားအတွက် သူမဘက်ကအရဲစွန့်ခဲ့မိတာပါ၊အရင်နဲ့မတူ မယုံနိူင်အောင်ပြောင်းလဲသွားခဲ့တဲ့သူ ဒီအခြေနေ ဒီပုံစံ သူဘယ်လိုပြောင်းလဲသွားခဲ့ရတာလဲ၊ခုသူတကယ်ဦးတည်လာတာမမဆီကိုလား၊သူမဆီကိုလား၊ခုချိန်မမကရောဘယ်ရောက်နေတာလဲ၊ဘာတွေဖြစ်လာမှာလဲမုဒြာမသိတော့ပါ၊ခုသိတာက ဒီနေရာကနေထွက်သွားချင်တယ်၊သူမဖေဖေရှိတဲ့အိမ်ကိုသာပြန်ချင်သည်၊ဖမ်းခေါ်လာပြီးတည်းက ခ‌ဏလေးသာတွေ့လိုက်ရကာ ခုထိပေါ်မလာတဲ့သူ့ကို မုဒြာထပ်၍ရင်မဆိုင်ရဲပါ၊မုဒြာသူ့ကိုကြောက်သည်၊အရင်ကလဲကြောက်ခဲ့သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now