Season 2(part 13)

13.9K 509 106
                                    

Unicode

🌷မင်းသာသခင့်ရဲ့မူပိုင်🌷

🌿🌷🌿  သခင် မုဒြာနဲ့အတူရေချိုးပြီးသည်နောက် ရေလှဲဝတ်စုံလေးလဲပေးပြီးအိပ်ရာခြေရင်းမှာထိုင်ကာ သူမညာဘက်လက်လေးကိုနှိပ်နယ်ပေးနေသည်၊
သူမကတော့ထိုင်လျက်မျက်ဝန်းလေးတွေစင်းနေတာကြောင့် သခင်ကြည့်ပြီးပြုံးနေမိသည်၊

'မုဒွာ'

'ဟင်'

'လက်ကအဆင်ပြေလား'

မုဒြာ သူ့ကိုမှုန်တေတေလေးငဲ့ကြည့်ကာ ခေါင်းညိမ့်ပြလေသည်၊

'အိပ်ချင်နေတာလား ကိုယ့်ပုခုံးပေါ်ခေါင်းမှီနေလေ'

ပြောလဲပြောရင်း သူမခေါင်းလေးကိုသူ့ပုခုံးပေါ်မှီစေလိုက်သည်၊
မုဒြာ ခေါင်းထဲအုံပြီး သူ့အနမ်းတွေကျရောက်ထားတဲ့နှုတ်ခမ်းနဲ့ခန္ဓာကိုယ်ဟာနာကျင်၍ အိပ်ချင်စိတ်လဲဖြစ်နေသည်မို့ သူ့ပုခုံးပေါ်ခေါင်းမှီလိုက်ရင်းမျက်လုံးတွေမှိတ်ချလိုက်သည်၊
သခင်ရဲ့အချစ်နယ်ပယ်ကျွမ်းကျင်မူက မုဒြာခြေကုန်လက်ပန်းကျကာ အမောပါဆို့သည်၊

ဒါပေမယ့်သူ့ပါးစပ်ကမုဒြာကိုဘယ်လောက်ပဲမုန်းပါတယ်ပြောပြော စိတ်နာပါတယ်ပြောပြော မုဒြာအပေါ်ထားတဲ့သူ့အချစ်တွေမပျောက်ပျက်သေးတာ သူ့အထိအတွေ့ သူ့မျက်ဝန်းတွေကနေမုဒြာခံစားမိသည်၊

သခင် သူ့ပုခုံးပေါ်မှီထားတဲ့သူမခေါင်းပေါ်အနမ်းတစ်ပွင့်ခြွေချလိုက်ပြီး နုနယ်နေတဲ့လက်လေးကို ဂရုတစိုက်နှိပ်ပေးနေလိုက်သည်၊
သူစိတ်ကျေနပ်ဖို့ သူမအစွမ်းကုန်ပေးအပ်ထားသည်မို့ သခင်ဂရုစိုက်နေရခြင်းပင်၊

မုဒြာ သူ့ပုခုံးပေါ်ခေါင်းမှီမှေးနေရင်းမှ တစ်ခုခုကိုသတိရကာမျက်လုံးတွေဖျတ်ကနဲပွင့်လာပြီးခေါင်းထောင်သွားသည်၊

'ဘာဖြစ်တာလဲ'

သခင်မေးတာကိုမဖြေဘဲ မုဒြာ သခင်ဝတ်ထားတဲ့ရေလှဲဝတ်စုံကိုဆွဲဟကာခါးနားတစ်နေရာဆီတို့ထိကြည့်ရန်လက်လှမ်းလိုက်တော့ ထိုလက်ကိုသခင်ဖမ်းဆုပ်ကာ သူမကိုမျက်မှောင်ကျုတ်ကြည့်လေသည်၊

'ဘာလုပ်တာလဲမုဒြာ'

'ရှင် ခါးနားမှာလေ ဟို ဘာဖြစ်ထားတာလဲကြည့်မလို့ပါ'

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now