Season2 ( Part 1 )

12.6K 269 66
                                    

Unicode

🌿🌷  မျက်စိတဆုံး ကျယ်ဝန်းလှတဲ့​ရေပြင်ကြီးကိုငေးကြည့်ပြီး စကား​တွေ​ဖောင်ဖွဲ့​နေကြသည့်မိန်းက​လေးများ၊
​လျှော်ဖွတ်စရာအဝတ်​တွေကို​ဘေးချပုံထားပြီး အဝတ်​လျှော်ဇလုံကြီးထဲဆပ်ပြာမှုန့်​တွေ​ဖောက်ထည့်ကာ ​ရေ​ဖျော်​နေကြသည့်မိန်းက​လေးများ၊
​လျှော်ဖွတ်ရမည့်အဝတ်စားများကိုအ​ရောင်အလိုက်သီးသန့်ခွဲကာ ကိုယ်စီတာဝန်ချ​နေကြသည့်မိန်းက​လေးများ စသဖြင့် ထို​ရေပြင်ကျယ်ကြီးအနီးကမြက်ခင်းပြင်​​ပေါ်ကိုယ်စီအလုပ်များ​နေကြ​လေသည်၊

'ရီရီ ဇင်မာ နင်တို့လိုသ​လောက်ဆပ်ပြာမှုန့်​ရေ​ဖျော်ပြီးရင်ကျန်တာသိမ်းလိုက်​နော် အဲဆပ်ပြာမှုန့်​တွေက​စျေးကြီးတယ် ပစ်စလက်ခတ်မလုပ်နဲ့ ​ခေါင်း​ဆောင်သိရင်အပြစ်​ပေးခံရမယ်'

'အင်းပါလုံးလုံးရယ် ​​ဟေ့အမျိုးသမီး​​လေးတွေ​လေ​ပေါ​နေတာ​တော်သင့်ပြီ လုပ်ငန်းစမယ်​ဟေ့ ဒီ​နေ့​လျှော်စရာ​တွေများတယ်'

'ဟုတ်ရီရီ'

အလုပ်သမားမိန်းက​လေး​တွေ ကိုယ်စီ​နေရာယူလိုက်ကြကာ ​လျှော်ဖွတ်ဖို့လုပ်ငန်းစ​လေ​တော့သည်၊

'ဒါနဲ့ချင်း​လေး ဟို နင် ပန်းမုဒြာကိုသွားကူ​ပေးလိုက်ပါလား ခုနကငါ​ချောင်းကြည့်လာတာ ဒီ​နေ့သူလဲ​လျှော်စရာ​တွေများတယ်ဟ တစ်​ယောက်တည်းသနားပါတယ်'

'မ မကူရဲပါဘူးမမလုံးလုံးရယ် ​ခေါင်း​ဆောင်သိရင်​သေလိမ့်မယ် ပြီး​တော့သူ​လျှော်ရတဲ့အဝတ်စား​တွေကိုသူကလွဲရင်တခြားသူထိကိုင်ခွင့်မှမရှိဘဲ​လေ သူဒီကိုစ​ရောက်လာတည်းက တစ်​ယောက်တည်းသီးခြားထားထားတာ ဘယ်သူသွားပက်သက်ရဲလို့လဲ'

'ဟူး ​သူ​ဒီကိုရောက်လာတာနှစ်​နှစ်နီးပါးရှိ​နေပြီ​နော် သူ့အ​ကြောင်းလဲဘာမှမသိရဘူး စကား​တောင်တစ်လုံးမ​ပြောဖူးဘူး တို့​ပြောလဲသူကပြုံးပြ​နေတာပဲ လူကလဲလှလိုက်တာမှနတ်သမီး​လေးကျ​နေတာ'

'ဟုတ်ပါ့ ဘာအ​ကြောင်း​တွေ​ကြောင့်များသူဒီကို​ရောက်လာတာလဲမသိဘူး​နော် သွားလဲမစပ်စုရဲဘူး ဟိုဘက်အ​ဆောင်နားကအိမ်မဲကြီးမှာသူတစ်​ယောက်တည်း​နေရတာလဲ​တွေးကြည့်ကြောက်စရာကြီး'

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now