🚨🔞9(uni&zawgyi)🔞🚨

44.8K 488 40
                                    

Unicode

🍓မင်းသာသခင့်ရဲ့မူပိုင်🍓

      🍓သခင့်ထံ၌ခစားသော🍓

🌺အပိုင်း ၉🌺

🍇🍇🍇 အင့် ဟင်း ဟင်း

မုဒြာ သူ့လက်ကလွတ်လိုလွတ်ငြား အစွမ်းကုန်ပြေးနေမိတာ နောက်လဲလှည့်မကြည့်ရဲ၊ဒီနေ့မှလမ်းပေါ်မှာလဲ လူရှင်းနေသည်၊လိုင်းကားကလဲမလာသလို ကားအသွားလာလဲတစ်စီးမှမတွေ့သေးချေ၊

"ပန်းမုဒြာ"

"ဟင် ဟင့် ဟင့် သူ သူ ငါ့နောက်မှာပါလာပြီ ငါ ငါ သူ့လက်ထဲမိလို့မဖြစ်ဘူး မုဒြာသူ့ကိုကြောက်တယ် ဟင့် ဟင့်"

မုဒြာပြေးနေရင်း ပါးစပ်ကလဲရေရွတ်နေလေသည်၊

သခင့် သူလှမ်းခေါ်နေတာတောင် ဆက်ပြေးနေသည့်သူမကြောင့် ဒေါသတွေအတိုင်းထက်လွန်ထွက်လာရကာ သူအရှိန်တင်ပြေးတော့သည်၊
မကြာလိုက်ချိန်မှာပဲ၊

"လာစမ်း မင်း"

"အမေ့"

မုဒြာ နောက်မကြည့်ဘဲ ရှေ့သို့သာပြေးနေရင်း နောက်ကနေ သူမပုခုံးကိုဆွဲကိုင်ချုပ်ခံလိုက်ရကာ သူ့ရင်ခွင်ထဲ ပုံပျက်ပန်းပျက်ကျသွားရလေသည်၊

"မင်း လွတ်လားမုဒြာရဲ့ ဟမ်"

"ဟင်အင့် မုဒြာကိုလွှတ်ပေးပါ ဟင့် ဟင့် မုဒြာရှင်နဲ့ပြန်မလိုက်ချင်ဘူးလို့ ဟင့်"

"မင်းကငါ့မိန်းမ ငါနဲ့ပြန်မလိုက်လို့မင်းကဘယ်သွားချင်နေတာလဲမုဒြာ ဟမ် ထွက်မပြေးဖို့သတိပေးထားရဲ့နဲ့ တောက် လာကွာ"

"ရှင် ရှင်နဲ့မလိုက်ဘူး အောက်ချ ချပေး ဟင့် ဟင့် ကယ်ကြပါ ကယ်ကြပါဦး"

မုဒြာ ဘေးဘီကိုဝေ့ကြည့်ကာ အော်ဟစ်အကူညီတောင်းတော့သည်၊
သခင် ဟွန်းကနဲမဲ့ကာ ချီထားလျက်မှ သူမကျောပြင်ကိုထောက်ထားတဲ့သူ့လက်ဖဝါးကို သူမလည်ဂုတ်လေးဆီပြောင်းရွေ့ကာ သူမမျက်နှာနဲ့သူ့မျက်နှာကို အနီးကပ်ဆုံး စွဲကပ်လိုက်သည်၊

"ကယ်ကြ ဟင်"

"ကိုယ်ရှိနေတာကို ဘယ်သူ့အကူညီအော်တောင်းနေတာလဲမုဒြာ"

"ရှင် ရှင်"

"အင်း ပြောလေ"

မုဒြာ သူ့ကိုစေ့စေ့မကြည့်ရဲတော့ မျက်လွှာချထားမိတော့သည်၊သူ့ကိုကြောက်လွန်းလို့လဲ တစ်ကိုယ်လုံးလဲတုန်ယင်နေရသည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now