6(uni&zawgyi)

21K 335 37
                                    

Unicode

🍓အပိုင်း ၆🍓

🌺🌺🌺 မနက်ခင်းတစ်ခု၌ဝယ်၊

မုဒြာတစ်ယောက် ညကကြောက်လန့်တာရော ငိုရလွန်းလို့ပင်ပန်းတာရော သူ့အထိတွေ့တွေကြား မောဟိုက်တာရောပေါင်းကာ သူမအသိတွေအမှောင်ကျသွားခဲ့ရသည်၊

အင့် ဟင်း

မုဒြာနိုးလာသည်နှင့်အရင်ဆုံးခံစားလိုက်ရသည်က တင်းကြပ်တဲ့ထွေးဖက်မူ၊သူမကိုတစ်စုံတစ်ယောက်ကချုပ်နှောင်ထားသလိုခံစားလိုက်ရသည်၊

"အာ့"

မုဒြာ မျက်လုံးမဖွင့်သေးပါဘဲ အသက်ရှုကြပ်လာတာမို့ ရုန်းကန်ကြည့်တော့ ခန္ဓာကိုယ်အောက်ပိုင်းဆီကနာကျင်မူကိုခံစားလိုက်ရသည်၊ထိုကျမှ မုဒြာအလန့်တကြားမျက်လုံးဖွင့်လာသည်၊တစ်ဆက်တည်းသူမကိုယ်ကိုငုတ်ကြည့်လိုက်တော့ ယောကျာ်းဝတ်ရှပ်အင်ကျီကိုသူမဝတ်ဆင်ထားလေသည်၊ဒီလိုနဲ့ ညကအဖြစ်ပျက်ကို ပြန်မြင်ယောင်လာရကာ သူမ ဝမ်းနည်းတကြီးငိုတော့သည်၊

"ဟင့် ဟင့် ဟင့်"

သခင် တညလုံး အတွေးပေါင်းများစွာဖြင့် အိပ်မရနိူင်ဖြစ်ရကာ မိုးလင်းခါနီးမှ သူမကိုထွေးဖက်ထားရင်း မှေးကနဲအိပ်ပျော်သွားရသည်၊ခုသူ့ရင်ခွင်ထဲကနေ ရှိုက်ကြီးတငင်ဖြင့်ငိုနေတဲ့ သူမကြောင့် သူနိုးသွားရတော့သည်၊

"ဟင် မုဒြာ ဘာဖြစ်လို့လဲ"

"ဟင့် ဟီး လူယုတ်မာ ဖယ် လွှတ်စမ်း"

မုဒြာသူ့ရင်ခွင်ထဲကနေအသေရုန်းထွက်တော့သည်၊သခင်သူမကိုလွှတ်မပေးပါဘဲ တင်းကြပ်စွာတိုးဖက်လိုက်ရင်း သူမကိုထူပေးကာ သူထထိုင်လိုက်သည်၊

"ကျစ် မင်းငြိမ်ငြိမ်နေမုဒြာ ကိုယ်နဲ့စကားပြောရအောင်"

"ဟင်အင့် မပြောဘူး မပြောချင်ဘူး မုန်းတယ် ရှင့်ကိုမုန်းတယ် မုဒြာဘဝကိုဖျက်စီးတဲ့လူယုတ်မာ ဟင့် ဟင့်"

"ပန်းမုဒြာ မင်းကိုယ့်ကိုအဲလိုမပြောနဲ့နော် ကိုယ်မင်းကိုဖျက်စီးတာမဟုတ်ဘူး"

မုဒြာသူ့ကိုနာကျည်းတဲ့မျက်ဝန်းတွေနှင့် ဆတ်ကနဲငဲ့ကြည့်လိုက်ကာ၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Donde viven las historias. Descúbrelo ahora