Season 2 ( part 2 )

8.5K 235 59
                                    

Unicode

🌻🌿🌻 မုဒြာ ​အလုပ်​တွေပြီးလို့ရေချိုးပြီးသည်နှင့် ထုံးစံအတိုင်း​ဒေါ်​ရွှေယုနဲ့​ကောင်မ​လေးတစ်​ယောက် သူမ​နေသည့်အခန်းထဲကို ​နေ့လည်စာထမင်းဟင်း​တွေလာပို့​လေသည်၊

မုဒြာ တစ်​ယောက်စာထမင်းစားပွဲ​​လေးပေါ် ချ​နေသည့်ထမင်းပန်းကန် ဟင်းပန်းကန်​တွေနဲ့ ​ကြွေပန်းကန်လုံးနဲ့​ဆေးရည်ခွက်​လေးကို​တွေ​တွေ​လေးကြည့်​နေမိသည်၊
အားလုံးချအပြီး ​ဒေါ်​ရွှေယု ပန်းမုဒြာကိုလှည့်ကြည့်ကာ ခပ်ပြုံးပြုံး​လေး​ပြောလိုက်သည်၊

'​​နေ့လည်စာကိုအပြည့်ဝစား​ပြီး ​ဆေးကိုပုံမှန်အတိုင်း​သောက်ရမယ်​နော်ပန်းမုဒြာ လိုတာရှိရင်​ခေါ်နိူင်ပါတယ်'

'ခဏ​လေးပါ'

​ဒေါ်​ရွှေယု အခန်းထဲကလှည့်ထွက်​တော့မည့်ဆဲဆဲ ​တွေ့လာရတဲ့တ​လျှောက်သိပ်စကား​ပြော​လေ့မရှိတဲ့ပန်းမုဒြာရဲ့ဟန့်တားသံကြောင့် အနည်းငယ်အံ့အားသင့်သွားရပြီး ဆက်​ပြောမည့်စကားကို​စောင့်ဆိုင်း​ပေး​လေသည်၊
မုဒြာထမင်းဟင်း​တွေကိုတစ်ချက်ကြည့်ကာ သူမသိချင်​နေတဲ့အ​ကြောင်းရာကို​မေးရ​တော့သည်၊

'ကျန်တဲ့သူ​တွေ​ရောဒီလိုစားကြတာပဲလား ပြီး​တော့ဒီ​ဆေးကို​ရော​သောက်ရတာပဲလားဟင်'

​ဒေါ်​ရွှေယု သူမ​ဘေးက​ကောင်မ​လေးကိုလက်အမူယာပြ၍ အခန်းထဲမှထွက်သွားခိုင်းလိုက်သည်၊
ထို​ကောင်မ​လေးထွက်သွားမှမုဒြာလဲဆက်​ပြောသည်၊

'မုဒြာကိုမှဘာလို့ဟင်း​ကောင်းထမင်း​ကောင်း​တွေ​ကျွေးရတာလဲ ကျန်တဲ့သူ​တွေ​ကိုရောဒီလို​ကျွေးတာလား သိချင်တယ်'

​ဒေါ်​ရွှေယု လျှို့ဝှက်​သောအပြုံးတစ်ပွင့်ဖြင့်၊

'ကြက်​ကောင်လုံး​ပေါင်းထားတာတစ်ခြမ်း ပဲပြားနဲ့ပဲပင်​ပေါက်ဟင်းတစ်ဝက် အရွက်စုံဟင်းချို​လေးနဲ့ အင်း ဒီ​နေ့ဟင်းကနည်းသွားတယ် ဒါကလဲသူအလုပ်များသွားလို့တဲ့ အဟင်း'

'ဘာ ဘာ​တွေ​ပြော​နေတာလဲဟင်'

'ဒီဟင်း​တွေကပန်းမုဒြာစားဖို့တစ်ဝက်ခွဲယူလာတာအရင်တည်းကဒီလိုပဲ​ကျွေး​နေကြ​လေ'

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now