Season 2(part 8)

13.9K 349 84
                                    

Unicode

💘💘💘...ဂျ​လောက်

စံအိမ်ရဲ့​တစ်ဖက်က သီးသန့်​အ​ဆောင်လေးမှာရှိသည့်အခန်းတစ်ခုထဲသို့ နွယ်နီ​ရောက်ရှိလာခဲ့သည်၊

'သခင်မ'

ထုံးစံအတိုင်းသူမ​ရောက်လာသည်နှင့် ထိုအခန်းထဲကကိုမာဝင်​နေသည့်သူတစ်​ယောက်ကို​ကြည့်ရှုစောင့်​ရှောက်​ပေး​နေသည့် သူမလူယုံလဲဖြစ်တဲ့​ဒေါက်တာမွန်ထက်မှအရို​သေပြုကာ ​ရှောင်​ပေးဖို့လုပ်​လေသည်၊

'ခဏ'

'ဟုတ်ကဲ့သခင်မ'

နွယ်နီ ကုတင်​ပေါ်မှာ​​အောက်ဆီဂျင်​ပေး၍ဆေးပိုက်တန်းလန်း​တွေချိတ်​ဆွဲကာလှဲ​လျောင်း​နေရတဲ့သူကို​တွေ​တွေ​လေးကြည့်ပြီး၊

'သူ့အ​ခြေ​နေကဒီ​နေ့လဲထူးခြားတာဘာမှမရှိခဲ့ဘူးလားမွန်​ထက်'

မွန်ထက် သက်ပြင်း​ချကာဖြင့်၊

'ထူးခြားလာတာမရှိသေးပါဘူးသခင်မ ဒီတိုင်းပဲ'

'အင်း နီဒီမှာခဏ​နေမယ် မွန်ထက်ညစာမစားရ​သေးရင်သွားစားလိုက်​နော်'

'ဟုတ်ကဲ့ တစ်ခုခုဆိုလှမ်း​ခေါ်ပါသခင်မ'

'အင်း'

မွန်ထက်ထွက်သွားမှ နီ သူလဲ​လျောင်း​နေတဲ့ကုတင်​ပေါ်တက်ထိုင်ကာ သူ့မျက်နှာကိုမျက်​တောင်မခတ်ကြည့်​နေရင်း မစဲတဲ့မျက်ရည်​တွေကကျဆင်းလာရပြန်သည်၊

'အိပ်လို့​ကောင်း​နေလို့လားဟင်'

နာကျင်​မူ​တွေပြည့်​နေတဲ့အသံတိုးတိုး​လေးက သူကြားဖို့မလုံ​လောက်မှန်းသိ​ပေမယ့် နွယ်နီဇွတ်အတင်း​အော်နိုးလို့လဲမရနိူင်ပါ၊

ကျဆင်း​နေတဲ့မျက်ရည်​​တွေကိုသုတ်ပြီး နီ သူ့​ဘေးမှာကပ်၍လှဲ​လျောင်းလိုက်သည်၊

'နီနင့်ကိုလာလာကြည့်​နေရတာများ​နေပြီ​နော် နင်ဘယ်​တော့မှနိုးလာ​ပေးမှာလဲ နီတကယ်ကိုမခံစားနိူင်​တော့ဘူးသိရဲ့လား အဟင့်ဟင့်'

နွယ်နီ ​ပြောရင်းနဲ့ငိုမိပြန်ကာ သူ့ကိုဖက်တွယ်၍ မျက်လုံး​တွေမှိတ်ချလိုက်သည်၊ထို့အတူစိတ်ထဲက​နေအမြဲ​ပြောနေကျကတိစကားကိုလဲ ဒီကနေ့ထပ်​ပြောဖြစ်ပြန်သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now