24(uni&zawgyi)

11.3K 277 20
                                    

Unicode

အပိုင်း ၂၄

💕💕💕 ဇိုင်း သူမတို့​နေသည့်အိမ်နဲ့မလှမ်းမကမ်းက လူရှင်းသည့်လမ်းတစ်​နေရာမှာ ကား​လေးရပ်လိုက်သည်၊
ကားရပ်ပြီးမိနစ်ပိုင်းကြာမြင့်သည်အထိနှစ်ယောက်သားတိတ်ဆိတ်​နေလျက် ဘယ်သူကမှစကားစမ​ပြော​ပေ၊
​နောက် ဇိုင်းကပဲမ​နေသာ​တော့ကာ၊

"မင်းညစာမစားရ​သေးဘူးမလားကုကု"

"....."

"မင်းဗိုက်ဆာရင် တစ်ခုခုသွားစားကြမလား"

"ကျွန်မဗိုက်မဆာဘူး ရှင်ကျွန်မကို​ပြောစရာရှိရင်​ပြောပါဇိုင်း"

ကုကု သူနဲ့အတူရှိ​နေရတာ စိတ်မသက်သာ၍ လိုရင်းကိုသာဦးတည်​စေလိုက်သည်၊
ဇိုင်းထိုင်ခုံခါးပတ်ဖြုတ်လိုက်ကာသူမဘက်လှည့်ပြီး၊

"​​ကောင်းပြီ ပြောစရာကမင်းနဲ့ငါနဲ့အ​ကြောင်းပဲ ဟို​နေ့ကမင်း​ပြောတဲ့စကား​တွေက ရင်ထဲကလာတဲ့စကား​တွေလား မင်းတကယ်ငါ့ဆီပြန်လာဖို့စိတ်ကူးမရှိ​တော့ဘူးလား"

ကုကု့လဲသူ့ဘက်လှည့်မျက်နှာချင်းဆိုင်ကာ၊

"ကျွန်မ​နောက်တစ်​ခေါက်ပြန်မ​ပြောနိူင်​တော့ဘူးဇိုင်း ရှင်နဲ့ကျွန်မ ထပ်မပက်သက်​တော့ဘဲ​နေရ​အောင် ရှင်လဲကိုယ့်လမ်းကိုယ်​လျှောက် ကုကုလဲကိုယ့်လမ်းကိုယ်​လျှောက်မယ်"

"မင်းအဲလို​ပြောရုံနဲ့ငါတို့ရဲ့ပက်သက်မူက​ပျောက်ကွယ်သွားမှာလား မင်းမရူးနဲ့"

"ကုကုမရူးဘူး ဒီချိန်မှာ​တော့ကုကုအမှား​တွေကိုပြင်ဆင်ဖို့ကြိုးစားချင်တယ် တစ်သက်လုံးမျက်ကွယ်ပြုခဲ့မိတဲ့ ​​ဖေ​ဖေနဲ့ညီမ​လေးအ​ပေါ် ကုကု​​ပေးဆပ်ရင်း​နေသွားချင်တယ် ရှင်နဲ့ပက်သက်ခဲ့တဲ့​နေ့ရက်​တွေကိုပြန်​ပြောမ​နေပါနဲ့ ရှင်နဲ့ကျွန်မချစ်ကြိုက်ခဲ့လို့မှမဟုတ်ဘဲ​လေ တစ်ယောက်လိုအင်တစ်​ယောက်ဖြည့်ဆည်းခဲ့ကြရုံပဲ ဒါ​ကြောင့်အချစ်မပါတဲ့ပက်သက်မူကိုကျွန်မ​​ရှေ့မဆက်ချင်​တော့ဘူး"

"အချစ်မပါတဲ့ပက်သက်မူလား အဲလို​ပြောလိုက်တာ မင်းကိုယ်မင်းလိပ်ပြာလုံလား မင်းခန္ဓာကိုယ်ကငါနဲ့ဘယ်​လောက်"

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now