Season 2(part 11)

10.7K 421 155
                                    

(Zawgyi&uni)

zawgyi


Season 2

အပိုင်း ၁၁

🍓🍓🍓...ဘုန်း

'တောက်'

နေသြဇာတစ်ယောက်စံအိမ်ကိုပြန်ရောက်ရောက်ချင်း မြိုချခဲ့ရတဲ့ဒေါသတွေပေါက်ကွဲကာ ကုတ်အင်ကျီကိုလွှင့်ပစ်ပြီး ဧည့်ခန်းထဲရှိသမျှထုပေါက်ခွဲပစ်နေလေသည်၊

'သွားစမ်းကွာ အားးး'

ဒုန်း ခလွမ်း

'ဟင် လူလေး'

'နေသြဇာ'

အိမ်အတွင်းကနေထွက်လာသည့်အိမ်တော်ထိန်းဉီးရိုးနှင့်ဉီးတံတိုင်းစံတို့နေသြဇာပေါက်ကွဲနေမူကိုမြင်၍ဘာဖြစ်လာသလဲမသိသော်ငြားဝင်ထိန်းရတော့သည်၊

'လူလေး လူလေးဘာဖြစ်တာလဲ စိတ်လျှော့ ဟင် သွေး သွေးတွေပါလား လူလေး'

'ဉီးရိုး ကျွန်တော်စိတ်တိုတယ် တကယ်စိတ်တိုတယ်'

'ဘာဖြစ်လာတာလဲကွယ် ဉီးရိုးရင်ထိတ်လိုက်တာ'

'နေမင်းသခင် အဲကောင်တကယ်မလွယ်တဲ့ကောင်ဉီးရိုးရဲ့ ကျွန်တော့်အကြံကိုသူကြိုသိတယ် ဘာလို့ကျွန်တော်ထင်သလိုမဖြစ်လာရတာလဲ'

'ဉီးရိုးနားမလည်ဘူးလူလေးရယ် အရင်ဆုံးဒဏ်ရာရလာတာအရင်ကြည့်ရအောင်ကွယ်'

'မကြည့်နဲ့မလိုဘူး ဟေ့ ဟေ့ ဘယ်သူရှိလဲလာကြစမ်း'

'ရှေ့မှာရိုင်းရှိတယ်လူလေး ရိုင်း လာစမ်းကွယ်'

နေသြဇာနဲ့ဉီးရိုးခေါ်သံကြောင့်အိမ်ရှေ့ကနေရိုင်းတစ်ယောက်ပြေးဝင်လာသည်၊

'သခင်လေး ဉီးရိုး'

'ရိုင်း ခုနကငါနဲ့ပါလာတဲ့ဟိုကောင်ဘယ်မလဲခေါ်ခဲ့'

'ဟုတ်ကဲ့'

ရိုင်းအိမ်အပြင်ပြေးထွက်သွားသည်၊

'လူလေး ဘယ်သူ့ကိုခေါ်ခိုင်းတာလဲ လက်ကသွေးတွေလဲတအားပဲ ဉီးရိုးကြည့်ပါရစေကွယ် လာထိုင်ပါ'

နေသြဇာကိုချော့မော့ပြီးဆိုဖာပေါ်ထိုင်စေ၍ဉီးရိုးအိမ်ထဲအပြေးတပိုင်းဝင်သွားသည်၊
ဉီးတံတိုင်းစစ်လက်ပိုက်၍သာနေသြဇာပုံစံကိုအကဲခတ်နေသည်၊
ဟိုမှာဘာတြွေဖစ်လာသလဲမသိ နေသြဇာပေါက်ကွဲနေပုံအရ တစ်ခုခုတော့တစ်ခုခုပဲ၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now