12(uni&zawgyi)

13.7K 291 15
                                    

Unicode

အပိုင်း ၁၂

🌹🌺🌹 "ဟုတ်တယ် သူကကုမုဒြာမဟုတ်ဘူး ရုပ်ချင်းတူတဲ့သူ့အမွှာညီမ ပန်းမုဒြာပါ"

"ဗျာ"

ဇိုင်း မယုံနိူင်သလို ကုတင်ပေါ်ကသူမကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်၊

"မ မဟုတ်တာ မဖြစ်နိူင်ဘူး အန်ကယ် အန်ကယ်ဘာတွေပြောနေတာလဲ"

"အန်ကယ် အမှန်ကိုပြောနေတာမောင်ရင် သူကအန်ကယ့်သမီးငယ်ပန်းမုဒြာ"

အဖျားကြီးနေတဲ့မိန်းကလေးကိုကြည့်ကာ ဘေးကဒေါက်တာမလေး စိတ်မရှည်တော့၊

"ဒီမှာရှင့် ရှင်လူနာနားကနေဖယ်ပေးပါ အန်ကယ်စိတ်တော့မရှိပါနဲ့ ကျွန်မလူနာကိုကြည့်ပါရစေ အပြင်ထွက်ပေးကြပါ"

"အော် ဟုတ်ကဲ့ဒေါက်တာ မောင်ရင် အပြင်ထွက်ရအောင်"

ဦးမြတ်ထွန်းနိူင် လူနာစမ်းသပ်ခန်းအပြင်ကိုထွက်သွားသည်မို့ ဇိုင်းသူမကိုတစ်ချက်မျှကြည့်ရင်းနောက်ကလိုက်ထွက်ခဲ့လိုက်သည်၊

အပြင်ရောက်သည်နှင့်၊

"အန်ကယ် ကျနော်နားလည်အောင်ပြောပါဦး ကုကုရဲ့အမွှာညီမ သူမကပန်းမုဒြာဟုတ်လား"

"ဟုတ်တယ် ကုမုဒြာကမင်းကိုပြောမပြဘူးလား"

"မပြောဘူး တခါမှမပြောဖူးဘူး မိသားစုနဲ့ပက်သက်တဲ့စကား တစ်ခွန်းတစ်လေတောင်မဟခဲ့ဘူး"

"အော်"

ဦးမြတ်ထွန်းနိူင် ရင်ထဲအောင့်မျက်သွားရသည်၊အတော်အတ္တကြီးတဲ့ကုမုဒြာ ကိုယ့်မှာအမွှာညီမရှိတာကိုလူသိမှာကြောက်နေတာလား၊
သူ ဇိုင်းဆိုတဲ့ကောင်လေးကိုကြည့်လိုက်ကာ၊

"ဒါနဲ့မောင်ရင် မင်းနဲ့ကုကုက ဘယ်လိုပက်သက်တာလဲ"

"ဗျာ"

"အန်ကယ့်ကိုမညာပါနဲ့ အမှန်တိုင်းပြောပါသမီးငယ်ရဲ့ဘဝနဲ့လဲဆိုင်နေတာမို့ပါ"

ဇိုင်း ပြောရခက် မပြောရခက်၊

"ကျနော်နဲ့ကုကုရဲ့ပက်သက်မူက အန်ကယ့်သမီးငယ်နဲ့ဘယ်လိုသက်ဆိုင်နေလို့လဲ"

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now