21(uni&zawgyi)

13.1K 312 37
                                    

Unicode

အပိုင်း ၂၁

💞မနက်စာပြင်လို့ပြီးသည်နှင့် ဦးမြတ်ထွန်းနိူင် ခါးကြားထဲမှဖုန်းထုတ်ကာ မီးဖိုချောင်အပေါက်ဝကနေ အိမ်အပြင်မှာဖုန်းနဲ့အလုပ်ရှုပ်နေသည့်သခင့်ကို လှမ်းရှိုးလိုက်ရင်း သူသမီးတွေဆီဖုန်းခေါ်လိုက်လေသည်၊

ကုကု ရေမိုးချိုး အဝတ်စားလဲအပြီး သူမဖုန်းသံမြည်လာ၍ ကြည့်လိုက်ရာ ဖေဖေ့ဆီမှဖြစ်နေ၍ သူမဖုန်းအမြန်ကိုင်လိုက်သည်၊

"ဟယ်လိုဖေဖေ"

"သမီးကြီးလား"

"ဟုတ်ဖေဖေ အစောကြီးဖုန်းဆက်တာပဲ"

"အင်း ဖေ့သမီးတွေမနက်စာစားပြီးကြပြီလား သမီးငယ်ရော"

"မစားရသေးဘူးဖေဖေ ခုမှမုဒြာပြင်နေတုန်းရယ် ကုကုလဲခုမှရေချိုးပြီးတာ ဖေဖေရောစားပြီးပြီလား"

"ဖေဖေလဲခုစားတော့မလို့ ဒါနဲ့သမီးတို့ဒီနေ့အိမ်လာကြမယ်မလား"

"ဟုတ် လာမှာလေဖေဖေ သမီးတို့ဒီနေ့တိုင်ပင်စရာတွေလဲရှိတယ် ဖေဖေမှာချင်တာရှိလို့လားပြောလေ"

"မရှိပါဘူးကွယ် ဖေဖေအစောကြီးဖုန်းဆက်ရတာအသိပေးစရာရှိလို့ပါ ခုအိမ်မှာမောင်နေမင်းသခင်ရောက်နေတယ်သမီးကြီးရေ"

"အင်း သမီးထင်ပြီးသားပါ သူဒီမနက်မှရောက်လာတာလားဖေဖေ မနေ့တည်းကရောင်နေမယ်ထင်တာ ဖေဖေကလဲဖုန်းမဆက်တော့"

"ဟုတ်တယ်သမီး မနေ့ညနေဖေဖေအိမ်ပြန်ရောက်ရောက်ချင်း သူပါရောက်ချလာတာ ညကလဲပြန်ခိုင်းတာမပြန်ဘူး ဒီမှာပဲပေကပ်ပြီးအိပ်တာ သူနဲ့မလွတ်လို့ဖုန်းမဆက်ရတာသမီးရေ တော်ကြာဇွတ်ရစ်နေမှာစိုးလို့ သမီးငယ်ကိုခုမှပြန်လာခေါ်တာတဲ့လေ ဖေဖေကလဲ သမီးတို့ညီအစ်မအေးဆေးနေရအောင် ဘာမှမပြောပြသေးဘူး သူကလဲ သမီးငယ်ဘယ်မှာလဲမပြောမချင်း ကပ်ဖဲ့နေမှာမြင်သေး"

"အင်း ဒီလိုဆို မုမုကိုသမီးပြောပြလိုက်ပါ့မယ်ဖေဖေ"

"တကယ်လို့သမီးငယ်က သူ့ယောကျာ်းကိုမတွေ့ချင်သေးဘူးဆိုလဲ သူ့ဆန္ဒအတိုင်းပေါ့သမီးရယ် လွတ်လွတ်လပ်လပ်နေပါစေဦး ဒီကောင်ကလဲစကားတွေလွန်ထားပုံပါပဲ ဒါနဲ့တိုင်ပင်စရာရှိတာတွေကဘာတွေများလဲသမီး"

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now