🔞🚨13(uni&zawgyi)🚨🔞

42.6K 439 74
                                    

Unicode

🌹အပိုင်း ၁၃🌹

🌸🌸🌸 သခင် အိမ်ကိုသာပြန်လာနေရပေမယ့် သူ့စိတ်တွေက မုဒြာတို့သားအဖဆီ၌သာရှိသည်၊
ကုမုဒြာကို သူပြန်မလာခင် စံအိမ်ကနေထွက်သွားပေးရန် ဦးသင်စကပြောသည်ကိုလက်မခံဘဲ စားပွဲပေါ်က ရေဖန်ခွက်ကိုယူကာခွဲပစ်ပြီး ဖန်ကွဲစဖြင့် သူမလက်ကောက်ဝတ်သွေးကြောကို လှီးလိုက်သည်လို့ ဦးသင်စသူ့ကိုဖုန်းဆက်အကြောင်းကြားသည်ကြောင့် သူမဖြစ်မနေအိမ်ပြန်လာရလေသည်၊

တောက်

သခင် ကားမောင်းနေရင်း ကုမုဒြာအပေါ်ဒေါသတွေထွက်နေရသလို မုဒြာကိုလဲသူစိတ်တိုနေရသည်၊

ဘယ်မှာလဲ မင်းဘယ်မှာလဲမုဒြာ မင်းကိုယ့်လက်ကမလွတ်ဘူး မင်းထပ်ထွက်ပြေးလို့ကတော့ ကိုယ်မင်းကိုဘယ်သူမှမတွေ့နိူင်တဲ့နေရာမှာပိတ်လှောင်ထားပစ်မယ်၊

ဒီလိုနဲ့ သခင် အိမ်ကိုရောက်လာချေပြီ၊
စံအိမ်ပေါ်တီအောက်ကားထိုးရပ်ပြီးသည်နှင့် သူကားပေါ်ကနေဆင်း၍ ကားတံခါးဆောင့်ပိတ်ကာ အိမ်ထဲကိုဒေါသတကြီးဝင်လာတော့သည်၊

ဦးသင်စ ဧည့်ခန်းမှာအသင့်ရပ်စောင့်နေလေသည်၊

"သခင် ပြန်လာပြီလား"

"သူဘယ်မှာလဲဦးသင်စ "

"အောက်ထပ်စတိုခန်းဘေးကပ်ရပ်က အခန်းမှာပါ သွေးထပ်မထွက်အောင်ပတ်တီးတော့စီးပေးထားပါတယ်"

သခင် ခြေလှမ်းကျဲကြီးတွေနဲ့ထိုအခန်းဆီလာခဲ့တော့သည်၊

သူတံခါးဖွင့်ဝင်လိုက်သည်နှင့် အိပ်ရာပေါ်မှာလှဲလျောင်းနေသည့် ကုမုဒြာကိုကြည့်ကာ သူအံကြိတ်ရင်းအနားလျှောက်လာ၍ သူမကိုအကြမ်းပတမ်းဆွဲထူပစ်လိုက်သည်၊

"အ့ ကို"

"ကုမုဒြာ မင်းဒါဘာသဘောလဲကွ ဟမ်"

"ဘာသဘောကမှာလဲကိုရယ် ရှင်ကုကုကိုချစ်သေးလားဆိုတာစမ်းသပ်ရုံတင်ပါ"

"ဘာ"

"ဟုတ်တယ် ခုကုကုသေချာသိသွားပြီ ကို ချစ်တာကုမုဒြာဆိုတဲ့ကျွန်မကိုပဲ ပန်းမုဒြာမဟုတ်ဘူး"

"မင်းကဘာမို့အဲလိုပြောနိူင်နေတာလဲ"

"ကို့ကိုကြည့်ပြီးပေါ့ ဘယ်လိုလဲကိုရယ် ကုကု ဘာလုပ်လိုက်တယ်လို့ ဦးလေးကလှမ်းအကြောင်းကြားတာနဲ့ ကိုယ်စိတ်ပူပြီးကုကုဆီအမြန်ရောက်လာတာပဲမလား အဟင်း ကို ကုကုကိုချစ်နေသေးတာ ဝန်ခံလိုက်စမ်းပါ"

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now