Season 2 ( part 4 )

9.4K 291 68
                                    

Unicode

🌿🌹🌿  ​'ပြိုင်ပွဲဝင်များအသင့်​နေရာယူရန်'

​ရေကူးပြိုင်ပွဲ​ဝင်​တွေရဲ့နည်းပြမှ ​အော်​ပြောလိုက်သည်နှင့် သခင်အပါဝင် အခြားပြိုင်ပွဲဝင်အမျိုးသားများအားလုံးအသင့်အ​နေထားပြင်လိုက်ကြသည်၊

သခင်အသင့်အ​နေထားပြင်ထားရင်း သူ မုဒြာရပ်​ကြည့်နေရာဆီလှမ်းကြည့်လိုက်သည်၊

မုဒြာ အငိုမျက်နှာ​လေးမှာသူမကိုလှမ်းကြည့်လိုက်​လေသည့်သခင်​ကြောင့် ပြုံးပြရမလို လှမ်း​ခေါ်ရမလို လက်ပြရမလိုဖြစ်သွားရပြီး​နောက် သူမ မဝံ့မရဲနှင့်ပြုံးပြမည်အပြုသူကမျက်နှာလွှဲသွားခဲ့သည်၊
မုဒြာမျက်နှာ​လေးမဲ့ကာ ငိုချင်သွား​တော့သည်၊ဒါ​ပေမယ့် မငိုမိ​အောင်စိတ်ထိန်းကာ ခုအ​ခြေ​နေ​တွေကိုဘာမှနားမလည်​သော်ငြား ဒါဟာ​ရေကူးပြိုင်ပွဲဖြစ်ပြီးသူဝင်ပြိုင်မည်ကို​တွေ့မြင်​နေရသည်​ကြောင့် သူမအား​ပေးဖို့စိတ်တင်းလိုက်သည်၊

​ထိုစဥ် မေသံဇဥ်နဲ့အတူသူမ​ဘေးပတ်လည်မှာရပ်​နေကြသည့်အမျိုးသမီး​လေး​တွေအားလုံး ​အ​ပေါ်ယံဝတ်ဆင်ထားသည့်ရေလှဲဝတ်စုံ​တွေကိုချွတ်ချလိုက်ကြ​တော့ ခန္ဓာကိုယ်​ကောက်​ကြောင်း​တွေ​ပေါ်ကအရှိုက်ဖိုကြီးငယ်ကို​လှပပေါ်လွင်​နေ​စေသည့်sexyကျတဲ့​ရေကူးဝတ်စုံ​တွေကိုယ်စီဝတ်ထားကြသည်ကို​တွေ့လိုက်ကြရသည်၊ပြီး သခင်တို့အမျိုးသား​တွေပြိုင်ပွဲဝင်ဖို့အသင့်​နေရာယူပြီးသည်နှင့် သူမတို့လဲ​နောက်က​နေအသင့်ပြင်ဆင်ထားကြသည်၊

ထိုမိန်းက​လေး​တွေကိုကြည့်ကာ ကျန်တဲ့လူအများကဘာမှမဖြစ်သလို မျက်နှာပူတယ်လဲမရှိကြဘဲ အား​ပေးသံ​တွေပင်ဆူညံသွားကာ မုဒြာ ရီရီနဲ့ချင်း​လေးမှာသာ မျက်နှာ​တွေရဲခနဲအမ်းထူသွားကြသည်၊
သူမတို့ဟာမြန်မာဝတ်စုံနှင့်ဂါဝန်ရှည်​တွေကိုသာဝတ်ဖူးကြတာမို့ ခုလိုဘီကနီသာသာဝတ်ထားသည့်မိန်းက​လေး​တွေကိုကြည့်ကာ 'ယိုသူမရှက် မြင်သူရှက်' ဆိုသလို ကိုယ်စားရှက်​နေမိကြ​လေသည်၊

1... 2...3...

​ဖောင်း.....

ဒိုင်လူကြီးမှ​သေနတ်​ဖောက်အချက်​ပေးလိုက်သည်နှင့် ​ရေကူးပြိုင်ပွဲလဲစတင်ကာ သခင်တို့​တွေ​ရေထဲဒိုင်ပင်ထိုးချ၍ယှဥ်ပြိုင်ကြ​လေ​တော့သည်၊

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Where stories live. Discover now